NLD လွှတ်တော်အမတ်ကို AA လက်မှကယ်ထုတ်ရေး တပ်မတော်ဆောင်ရွက်

NLD လွှတ်တော်အမတ်ကို AA လက်မှကယ်ထုတ်ရေး တပ်မတော်ဆောင်ရွက်

အေအေအဖွဲ့က ဖမ်းဆီးထားသည့် အင်န် အယ်လ်ဒီအမတ် ဦးဝှေ့တင်းကို ကယ်ထုတ်ရန် အတွက် တပ်မတော်စစ်ကြောင်းများက ဆောင် ရွက်လျက်ရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ် မှူးချုပ် ဇော်မင်းထွန်းက နိုဝင်ဘာ ၄ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောသည်။

"လွှတ်တော်အမတ်နဲ့ ပတ်သက်လို့ ကျွန် တော်တို့တပ်မတော်က နယ်မြေစိုးမိုးရေးပြန် လုပ်ဆောင်နေပါတယ်။ နယ်မြေရှင်းလင်းရေး တွေ လုပ်နေပါတယ်"ဟု ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ပြောသည်။

အင်န်အယ်လ်ဒီပါတီဝင်လည်းဖြစ်သည့် ချင်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းသည် နိုဝင်ဘာ ၄ ရက်တွင် လွှတ် တော်တက်ရမည်ဖြစ်၍ ယခင်သွားနေကျအတိုင်း ပလက်ဝမှ ကျောက်တော်သို့ အမြန်ရေယာဉ်ဖြင့် သွားရောက်ကာ ထို့နောက် စစ်တွေမြို့မှ လေ ယာဉ်ဖြင့် ရန်ကုန်-–နေပြည်တော်သို့ သွားရောက် ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

အင်န်အယ်လ်ဒီပါတီဝင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဝှေ့တင်း၊ အိန္ဒိယနိုင်ငံ သား ငါးဦး၊ စကားပြန် နှစ်ဦး၊ စပိဘုတ်မောင်းသူ နှစ်ဦး စုစုပေါင်း ၁၀ ဦးသည် နိုဝင်ဘာ ၃ ရက် နံနက် ၇ နာရီဝန်းကျင်က အမြန်ရေယာဉ် ဖြင့် ပလက်ဝမြို့မှ ထွက်ခွာလာခဲ့ရာ ရခိုင် လက်နက်ကိုင်အဖွဲ့ (AA)က ပလက်ဝနှင့် ကျောက်တော်အကြား ကျောက်တန်းကျေးရွာ အနီး၌ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခေါ်ဆောင်စဉ် အိန္ဒိယနိုင်ငံသား တစ်ဦးသေဆုံးခဲ့ရပြီးနောက် နိုဝင်ဘာ ၄ ရက် မနက်ပိုင်းတွင် အိန္ဒိယနိုင်ငံသားများ၊ စကားပြန် နှစ်ဦး၊ စက်လှေမောင်းသူနှစ်ဦးတို့ကို ပြန်လွှတ် ပေးခဲ့ပြီး ဦးဝှေ့တင်းကို ဆက်လက်ဖမ်းဆီး ထားကြောင်း သိရသည်။

ဦးဝှေ့တင်းကို ပြန်လွှတ်ပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကလည်း တောင်းဆိုလိုက်ပြီး လွှတ်တော်အခွင့်အရေးကော်မတီကလည်း လုံခြုံရေးကို ထိပါးလာသည့် အဖွဲ့အစည်းဟု အေအေကို အပြစ်တင်ပြောသည်။

"အိန္ဒိယနိုင်ငံသားတွေကို ခေါ်သွားတာ လည်း တော်တော်ဆိုးတယ်၊ အမျိုးသားလွှတ်တော် အမတ်ကိုလည်း သူတို့မသိစရာအကြောင်းမရှိ ဘူး။ ခရီးသွားလာတဲ့အခါ လွှတ်တော်နဲ့ပတ် သက်တဲ့ အထောက်အထားတွေပါမှာပဲ။ ဒါက သိလို့ ပိုပြီးလုပ်တဲ့သဘောဖြစ်သွားပြီ။ အိန္ဒိယ နိုင်ငံသားတွေ ပြန်လွှတ်တယ်ဆိုတာလည်း သေလို့ လွှတ်ပေးလိုက်တဲ့သဘောဖြစ်နေတယ်" ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

အေအေအဖွဲ့သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ လနောက်ပိုင်း အရပ်သား ၈၀ ကျော်ကိုဖမ်းဆီး ခေါ်ဆောင်ထားပြီး ပြန်လည်လွတ်မြောက်လာ သူမရှိသေးကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက အောက်တိုဘာ ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး