အွန်နရီ၏ ဂိုးစံချိန် ကျော်ဖြတ်နိုင်ပါက ဂုဏ်ယူစရာဟု အဂူရို ပြောကြား

အွန်နရီ၏ ဂိုးစံချိန် ကျော်ဖြတ်နိုင်ပါက ဂုဏ်ယူစရာဟု အဂူရို ပြောကြား

မန်စီးတီး အဓိကတိုက်စစ်မှူး အဂူရိုက ပြင်သစ်နှင့် အာဆင်နယ် ဂန္ထဝင်တိုက်စစ်မှူး ဟောင်း အွန်နရီ၏ ဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ပါက ဂုဏ်ယူစရာဖြစ်ကြောင်း ပြင်သစ် ဘောလုံးမဂ္ဂဇင်းနှင့် တွေ့ဆုံခဲ့ရာ၌ ထုတ်ဖော်ပြောဆိုခဲ့သည်။

အွန်နရီသည် အာဆင်နယ် အသင်း၌ ကစားခဲ့စဉ် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ၂၅၈ ပွဲကစားခဲ့ရာ ၁၇၅ ဂိုး သွင်းယူ နိုင်ခဲ့သည်။ အွန်နရီသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဂိုးသွင်းအများဆုံး နိုင်ငံခြားသား ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသည်။ အာဂျင်တီးနားတိုက်စစ်မှူး အဂူရိုမှာ အွန်နရီကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး နိုင်ငံခြားသား ကစားသမား ဖြစ်လာရန် အခွင့်အလမ်းကောင်း ပိုင်ဆိုင်ထားသည်။

အဂူရိုသည် မန်စီးတီးအသင်းအတွက် ၂၄၉ ပွဲကစားခဲ့ရာ ၁၇၃ ဂိုး သွင်းယူထား၍ အွန်နရီ ပရီးမီးယားလိဂ်စံချိန်တစ်ခုကို လိုက်မီရန် နှစ်ဂိုးသာလိုအပ်နေသည်။

အဂူရိုက ''ဂိုးများစွာ သွင်းနိုင်တဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ အခုဆိုရင် အွန်နရီလိုဂရိတ် ကစားသမားရဲ့ စံချိန်တစ်ရပ်ကို ကျော်ဖြတ်နိုင်ဖို့ နီးစပ်လာပါတယ်။ အွန်နရီဟာ ပရီးမီး ယားလိဂ်မှာ သမိုင်းမှတ်တမ်းရေးထိုးနိုင်တဲ့ အံ့အားသင့်စရာ ကစားသမား ဖြစ်ပါတယ်။ သူ့ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်မယ်ဆိုရင် ဒါက သာလွန်ကောင်းမွန်ခြင်းပါပဲ''ဟု ပြောဆို ခဲ့သည်။ အဂူရိုသည် မန်စီးတီး၏ ထာဝရဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီး ယခုနှစ် ပရီးမီးယားလိဂ်တွင် ကိုးဂိုးသွင်းယူထားသည်။



ဖတ်ရှုမှုအများဆုံး