အာဆင်နယ်နည်းပြ အမ်မရီ၏ရာထူး ပွဲလေးပွဲရလဒ်နှင့်သက်ဆိုင် စပိန်သား၏နေရာ၌ အယ်လီဂရီနှင့်အာတီတာတို့ နာမည်ထွက်နေ

အာဆင်နယ်နည်းပြ အမ်မရီ၏ရာထူး ပွဲလေးပွဲရလဒ်နှင့်သက်ဆိုင် စပိန်သား၏နေရာ၌ အယ်လီဂရီနှင့်အာတီတာတို့ နာမည်ထွက်နေ

အာဆင်နယ်အသင်း ဘုတ်အဖွဲ့ တာဝန် ရှိသူများသည် ဖိအားများရင်ဆိုင်နေရသော နည်းပြ အမ်မရီကို အချိန်များများစားစား ပေးရန်ထက် ပွဲလေးပွဲရလဒ်ပေါ် မူတည်၍ အနာဂတ် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းများက ဖော်ပြခဲ့သည်။

စပိန်သား နည်းပြဖြစ်သူ အမ်မရီသည် ယခုနှစ် ဘောလုံး ရာသီတွင် ဖိအားပိုများနေပြီး အာဆင်နယ် အသင်းမှာလည်း နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ် ကိုးပွဲတွင် သုံးပွဲသာ အနိုင် ရခဲ့သည်။

အာဆင်နယ်သည် ပရီးမီးယားလိဂ် ပွဲစဉ်(၁၁)တွင်လည်း ဝုလ်အသင်းနှင့် တစ်ဂိုး စီ သရေသာ ကစားနိုင်ခဲ့သည်။ အာဆင်နယ် သည် ထိပ်ဆုံးလေးသင်းနေရာနှင့် (၆)မှတ် ကွာဟနေသည်။ အာဆင်နယ်သည် ပရီးမီး ယားလိဂ် ပွဲစဉ်(၁၂)တွင် လက်စတာကွင်းသို့ သွားရောက်ကစားရမည် ဖြစ်သည်။

နည်းပြ အမ်မရီသည် အနီးစပ်ဆုံး ကစား ရန်ရှိနေသော ပွဲလေးပွဲ ရလဒ်ကောင်းမှသာ ရာထူးတည်မြဲရန် ရှိနေသည်။ အမ်မရီသည် ၂ဝ၁၈ ခုနှစ်က အာစင်ဝင်းဂါးနေရာ၌ အစား ဝင်ခဲ့သူ ဖြစ်သည်။ ရလဒ်များ ယိမ်းယိုင်နေ၍ အာဆင်နယ် ပရိသတ်များက အမ်မရီအား ဝေဖန်မှုများ ရှိနေသည်။

နည်းပြ အမ်မရီ၏နေရာတွင် ဂျူဗင်တပ်စ် နည်းပြဟောင်း အယ်လီဂရီနှင့် မိုက်ကယ် အာတီတာတို့ နာမည်ထွက်နေကြောင်း သိရ သည်။ အာဆင်နယ်သည် အမ်မရီကို ရာထူးမှ ထုတ်ပယ်ပါက အယ်လီဂရီ သို့မဟုတ် အသင်း ကစားသမားဟောင်း အာတီတာကို နည်းပြ သစ်အဖြစ် တာဝန်ပေးရန် လျာထားသည်။

အာဆင်နယ်သည် ပဲလေ့စ်၊ ဝုလ်ပွဲများ၌ အမှတ်မလျော့မီ တန်းတက် ရှက်ဖီးလ် ယူနိုင် တက်ကို အရှုံးပေးခဲ့ရသည်။ နာမည်ကြီး တစ်ဦးဖြစ်သူ မော်ရင်ဟိုမှာလည်း အာဆင်နယ် အသင်းနှင့် နာမည်ထွက်နေသည်။



ဖတ်ရှုမှုအများဆုံး