ဆိုင်ကယ် ၄၂စီးနှင့်လူ၅၀ခန့်ပါ လေးကောင်ဂျင်ဝိုင်းကို သက်ဆိုင်ရာ ဝင်ဖမ်း

ဆိုင်ကယ် ၄၂စီးနှင့်လူ၅၀ခန့်ပါ လေးကောင်ဂျင်ဝိုင်းကို သက်ဆိုင်ရာ ဝင်ဖမ်း

ဆိုင်ကယ် ၄၂စီးနှင့်လူ၅၀ခန့်ပါ လေးကောင်ဂျင်လောင်းကစားဝိုင်းကို သက်ဆိုင်ရာက ဝင်ရောက်ဖမ်းဆီးမှု ရမည်းသင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ယနေ့နိုဝင်ဘာ ၅ ရက်၌ ရဲတပ်ဖွဲ့ထံမှ သိရသည်။
 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက် ညနေ ၄ နာရီတွင် ရမည်းသင်းမြို့နယ်၊ ကုလားမျောကျေးရွာနေ အောင်စိုးဝင်း(စိစစ်ဆဲ)၏နေအိမ်၌ လေးကောင်ဂျင်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ  ရွာတန်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေအိမ်အောက်ထပ်တွင် လေးကောင်ဂျင်လောင်းကစားပြုလုပ်နေသည့် ကျော်ဦး(ခ) ကြည်ရွှင်(၅၅)နှစ်ပါ ၅၀ ဦးခန့်ကို တွေ့ရှိခဲ့ပြီး ၄င်းတို့ထဲမှ ကျော်ဦး(ခ)ကြည်ရွှင်ပါသုံးဦးနှင့်အတူ ကြက်၊ ဝက်၊ ဖား၊ မြွေပုံများပါ ဆင်စွယ်ဖြင့် ပြုလုပ်ထားသော ဂျင်သီးတစ်ခု၊ လေးကောင်ဂျင်လောင်းကစားပြုလုပ်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများ၊ ငွေစက္ကူရောရာ ၁၇၀,၅၀ဝ ကျပ်၊ ဆိုင်ကယ်မျိုးစုံ ၄၂ စီးတို့ကို သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့သည်။

သက်ဆိုင်ရာက လောင်းကစားနေအိမ်သို့ဝင်ရောက်ဖမ်းဆီးစဉ် အိမ်ရှင် အောင်စိုးဝင်းနှင့် လောင်းကစားပြုလုပ်နေသူများမှာ ထွက်ပြေးသွားခဲ့ပြီး ဖမ်းဆီးရမိသူ သုံးဦးကို ရွာတန်းနယ်မြေရဲစခန်းက (ပ)၁၀၇/၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/ ၁၇(က)အရ အရေးယူထားသည်။