ကမ္ဘ္ဘာ့ဘဏ်\ အပြည်ပြည်ဆိုင်ရာ ဖွံ့ ဖြိုးရေးအဖွဲ့ (IDA) ၏ ချေးငွေဖြင့် ဆောင်ရွက်မည့် လူတိုင်းအကျုံးဝင်အရည် အသွေးမှီ ပညာရေးလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရန် မြို့နယ်များနှင့်ကျောင်းများရွေး ချယ်ရာတွင် ပါဝင်သင့်သည့် မြို့ နယ်များမှ ကျောင်းများပါဝင်ခြင်းမရှိသည့်အတွက်လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းထုတ်ဆွေးနွေးခဲ့သည်။
စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရတွင် အကျုံးဝင်မည့် မြို့ ၁၁၅ မြို့ကိုရွေးချယ်ထားပြီးမည်သည့်နည်းဖြင့်ရွေးချယ်ထားသည်ကိုလည်း ကယားပြည်နယ်မဲဆန္ဒနယ်အမှတ် (၅) မှအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက မေးခွန်းထုတ်ပြောဆိုသွားသည်။
၎င်းက “ ကျွန်တော်တို့ကယားပြည်နယ်အပါအဝင် ပြည်နယ်အများစုရဲ့ပညာရေးကဏ္ဍမှာ ပြည်မထက်အများကြီး နောက်ကျနေပါတယ် ကယားပြည်နယ် တီမောဆိုး ဖရူဆိုး ရှားတော ဘောလခဲ အရှေ့ ခြမ်း ဖားဆောင်း မောချီး စတဲ့ အစွန်အဖျားဒေသကျေးရွာတွေမှာရှိတဲ့ လူငယ်တွေရဲ့ ပညာရေးအခြေအနေတွေဟာအများကြီးကွာဟနေ ပါတယ်။ ဖြစ်နိုင်ရင်ဒီစီမံကိန်းကို အချိန်မဆွဲပဲနဲ့ ပြည်နယ်တွေကိုအလေးထားစဉ်းစားဆောင်ရွက်စေလိုပါတယ်” ဟုပြောသည်။
စီမံကိန်းဖော်ဆောင်ရန်အတွက် ကျောင်းများရွေးချယ်ရာတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ကျောင်းပြင်ပ နှင့်တစ်သက်တာပညာရေးဦးစီးဌာန မှ ပညာရေးသုတေသန စီမံကိန်း နှင့် လေ့ကျင့်ရေးဦးစီးဌာနတို့၏ နယ် ပယ်စုံ ချို့ တဲ့မှု ညွှန်ကိန်း ဝေးလံခက်ခဲမှု ညွှန်းကိန်း ၊ပညာရေးညွှန်းကိန်း ကျန်းမားရေးညွှန်း.ကိန်းများနှင့် စီစစ် ပြီး စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့်မြို့ နယ်များကို ရွေးချယ်ခဲ့ကြောင်း ဝန်ကြီးဌာနက ရှင်းလင်းထား သည်။
မကွေးတိုင်းဒေသကြီး အတွင်းရှိ ၂၅ မြို့နယ်အတွင်း ဖွံ့ ဖြိုးမှုနောက်အကျဆုံးဖြစ်သည့် စေတုတ္တရာမြို့နယ်က ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကျောင်အောင်လွင်ကလည်း စီမံကိန်းဖော်ဆောင်ရေး အတွက်ဖော်ပြပါ ညွှန်ကိန်းများနှင့်ရွေးချယ်သော်လည်း စေတုတ္တရာမြို့နယ်ပါဝင်ခြင်းမရှိသည့်အပေါ်ဝေဖန်ပြောဆိုသွားသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ ၁၁၅၂.၅၅၆ ဘီလျံ ပြန်အပ်ခဲ့ကြောင်းသိ ရသည်။
ယင်းစီမံကိန်းသည် မြန်မာနိုင်ငံရှိ မြို့ နယ်ပေါင်း ၃၃၀ အနက် မြို့ နယ်ပေါင်း ၁၁၅ မြို့နယ်ရှိ အခြေခံပညာ ကျောင်းပေါင်း ၁၈၄၇၆ ကျောင်းမှာ ဆောင်ရွက်သွားမှာဖြစ်ပီး အခြေခံပညာကျောင်းသားကျောင်းသူစုစုပေါင်း သုံးသန်းကျော် အကွက် အကျိုးရှိစေမည်ဖြစ်ကြောင်းသိရသည်။

















