အိမ်ကွင်းတွင် သုံးဂိုးပြတ်ရှုံးနေရာမှ လေးဂိုးစီသရေကျအောင် ချယ်လ်ဆီးကစားနိုင် အေဂျက်ပွဲ၌ ကစားသမားများ၏စိတ်ဓာတ် လမ်းပတ်ချီးကျူးခဲ့

အိမ်ကွင်းတွင် သုံးဂိုးပြတ်ရှုံးနေရာမှ လေးဂိုးစီသရေကျအောင် ချယ်လ်ဆီးကစားနိုင် အေဂျက်ပွဲ၌ ကစားသမားများ၏စိတ်ဓာတ် လမ်းပတ်ချီးကျူးခဲ့

ချယ်လ်ဆီးအသင်းသည် နိုဝင်ဘာ ၅ ရက်က အိမ်ကွင်းတွင် ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် အေဂျက်နှင့်ယှဉ်ပြိုင်ခဲ့ရာ သုံးဂိုးပြတ် ရှုံးနိမ့်နေရာမှ လေးဂိုးစီသရေကျအောင်ကစားနိုင်ခဲ့ပြီး ပရိသတ်အား အကောင်းဆုံးဖျော်ဖြေမှုပေးစွမ်းနိုင်ခဲ့သည်။

ချယ်လ်ဆီးတိုက်စစ်တွင် အေဗရာဟမ်၊ ပူလီဆစ်နှင့် ဝီလျံတို့ ဦးဆောင်လာခဲ့ပြီး အဓိက ကစားသမားများ အစုံအလင်ပါဝင်ခဲ့သည်။ ဧည့်သည် အေဂျက် အသင်းတိုက်စစ်ကို တာဒစ်ဦးဆောင်ခဲ့သည်။ ပွဲချိန် နှစ်မိနစ်တွင် အေဂျက်မှာ လက်ဆောင်ဂိုးရခဲ့ပြီး ပွဲချိန် လေးမိနစ်တွင် ချယ်လ်ဆီးက ပင် နယ်တီမှ ချေပဂိုးသွင်းနိုင်ခဲ့သည်။

အေဂျက်သည် ပွဲချိန် မိနစ် ၂၀ နှင့် ၃၅ မိနစ်တွင် လက်ဆောင်ဂိုးထပ် ရခဲ့ကာ ပထမပိုင်းအပြီး သုံးဂိုးပြတ် ဦးဆောင်နိုင်ခဲ့သည်။

အေဂျက်သည် ဒုတိယပိုင်း ၅၅ မိနစ်တွင် စတုတ္ထဂိုးသွင်းနိုင်ခဲ့ပြီး ချယ်လ်ဆီးအား ဂိုးပြတ်နိုင်နေခဲ့သည်။ ပွဲအလှည့်အပြောင်းမှာ မိနစ် ၆၀ ကျော်တွင်ဖြစ်ပြီး အေဂျက်ကစားသမားနှစ်ဦး အနီကတ်ပြ ထုတ် ပယ်ခံခဲ့ရခြင်းဖြစ်သည်။ ချယ်လ်ဆီးသည် ပွဲချိန် ၆၃ မိနစ်တွင် ဒုတိယ ချေပဂိုးရရှိခဲ့ပြီး မိနစ် ၇၀ ကျော်တွင် နှစ်ဂိုးထပ်မံသွင်းနိုင်ခဲ့၍ လေး ဂိုးစီ သရေကျခဲ့သည်။

ချယ်လ်ဆီးအသင်းနည်းပြလမ်းပတ်က သုံးဂိုးပြတ် ရှုံးနိမ့်နေရာမှ သရေရအောင် စွမ်းဆောင်နိုင်ခဲ့သော အသင်းကစားသမားများ၏ စိတ်ဓာတ်ကို ချီးကျူးပြောဆိုခဲ့သည်။ ကစားသမားများသည် အမှန် တကယ် အားထုတ်ကစားခဲ့ကြပြီး ကစားသမားများ၏ စွမ်းဆောင် ရည်ခြေစွမ်းကို နှစ်သက်မိကြောင်း ပြောဆိုခဲ့သည်။

ချယ်လ်ဆီး အသင်းအတွက် စတုတ္ထချေပဂိုး သွင်းပေးနိုင်ခဲ့သော ရီဆီ ဂျိမ်းစ်သည် အသက် (၁၉) နှစ် ၃၃၂ ရက်ဖြင့် ချယ်လ်ဆီး ၏ အသက်အငယ်ဆုံး ချန်ပီယံလိဂ် ဂိုးသွင်းနိုင်သူဖြစ်ခဲ့ သည်။



ဖတ်ရှုမှုအများဆုံး