တပ်မတော်နှင့် စစ်ရေးတင်းမာမှုသည် အောက်ခြေတပ်များအကြား နားလည်မှု လွဲခြင်းဖြစ်၍စိုးရိမ်စရာမရှိဟု UWSP ပြော

တပ်မတော်နှင့် စစ်ရေးတင်းမာမှုသည် အောက်ခြေတပ်များအကြား နားလည်မှု လွဲခြင်းဖြစ်၍စိုးရိမ်စရာမရှိဟု UWSP ပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းနှင့် မိုင်းခတ်ဒေသများအတွင်း တပ်မတော်နှင့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့အကြား စစ်ရေးတင်းမာမှုသည် အောက်ခြေ တပ်များအတွင်း နားလည်မှုလွဲခြင်းဖြစ်ပြီး စိုးရိမ်စရာမရှိတော့ကြောင်း UWSP ပြင်ပ ဆက်ဆံရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးညီ ရမ်းက ပြောသည်။

"အောက်ခြေတပ်တွေအကြား နားလည်မှု လွဲတဲ့ကိစ္စပါ။ ဒါမျိုးတွေက ဖြစ်တတ်ပါတယ်။ အခု ဘာစိုးရိမ်စရာမှ မရှိတော့ပါဘူး"ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာတတိယပတ် အတွင်းက မိုင်းခတ်ဗျူဟာမှူး၏ လက်အောက်ခံ တပ်များက မိုင်းညှင်းကျေးရွာဘက်တွင် လမ်း သွားလမ်းလာများအား စစ်ဆေးမှုများ ပြုလုပ် ခဲ့သည့် အပေါ် UWSP က ၎င်းတို့၏ လမ်း ကြောင်းကို ပိတ်ဆို့သည်ဟုဆိုကာ တပ်အင်အား အလုံးအရင်းဖြင့် လာရောက်ခဲ့ကြောင်း သိရသည်။

ယခုအခါ တပ်မတော်ဘက်က ယင်းစစ် ဆေးမှုကို ရပ်နားလိုက်သော်လည်း UWSP  ၏တပ်များသည် တပ်မတော်စစ်ကြောင်းများ ဝင်ရောက် လာနိုင်ခြေရှိသည့် မိုင်းလားဒေသ အတွင်း နေရာတချို့ကို ကျူးကျော်ဝင်ရောက် ကာ လုံခြုံရေးယူထားကြောင်း သိရသည်။ ယင်းဖြစ်စဉ်ကြောင့် UWSP နှင့် မိုင်းလား အဖွဲ့အကြား စစ်ရေးတင်းမာမှုရှိနေပြီး UWSP တပ်များ မိုင်းလားဒေသအတွင်းမှ ပြန် လည်ဆုတ်ခွာရေး ညှိနှိုင်းနေသည်ဟု သိရ သည်။

"ကျွန်တော်တို့ အရင်ကလည်း ဒါမျိုး လုံခြုံရေးယူတာရှိပါတယ်။ မိုင်းလားမှာ ကျွန် တော်တို့တပ်တွေရှိတယ်။ အင်အားဘယ် လောက်ရှိတယ်ဆိုတာတော့ ကျွန်တော်မသိ ဘူး"ဟု ဦးညီရမ်းက ဆိုသည်။

သို့သော်လည်း UWSP နှင့် စစ်ရေးတင်း မာမှုမရှိတော့ကြောင်း တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

UWSP သည် အစိုးနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိ သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုဖြစ်ကာ အင်အားတောင့်တင်းမှု ရှိနေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး