ကိုင်ဟာဖာ့စ်ကို ပေါင် သန်း ၈၀ နဲ့ငှားရမ်းဖို့ မန်ချက်စတာယူနိုက်တက် ကြိုးပမ်းနေ

ကိုင်ဟာဖာ့စ်ကို ပေါင် သန်း ၈၀ နဲ့ငှားရမ်းဖို့ မန်ချက်စတာယူနိုက်တက် ကြိုးပမ်းနေ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂျာမနီက လေဗာကူဆင်အသင်းသား ကွင်းလယ်လူ ကိုင်ဟာဖာ့စ်နဲ့ ပေါင် သန်း ၈၀ တန် စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

ကိုင်ဟာဖာ့စ်ဟာ ၂၀၁၈-၁၉ ဘောလုံးရာသီအတွင်းမှာ လေဗာကူဆင်အသင်းရဲ့ ပွဲစဉ် ၄၂ ပွဲမှာ သွင်းဂိုး ၂၀ သွင်းထားသူလည်းဖြစ်ပါတယ်။ ဂျာမနီနိုင်ငံသား အသက် ၂၀ အရွယ် ဟာဖာ့စ်ဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း ပွဲစဉ် ၁၄ ပွဲအတွင်း သုံးဂိုးသွင်းထားသူဖြစ်ပါတယ်။ ကွယ်လယ်တိုက်စစ် ကစားသမားအဖြစ် တာဝန်ယူထားတဲ့ ဟာဖာ့စ်ဟာ အနာဂတ်ကောင်းမွန်နေသူလို့လည်း ထင်ကြေးပေးတာတွေရှိနေပါတယ်။ ရီရဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတွေကလည်း ဟာဖာ့စ်ကို စိတ်ဝင်တစားစောင့်ကြည့်လို့နေပါတယ်။ ဒါပေမဲ့ ဟာဖာ့စ်ကို ပေါင် ၈၈ သန်းအောက် လျှော့ပြီး မရောင်းနိုင်ဘူးလို့ ဂျာမန်ကလပ်က ပြောထားပြီးဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ဒုတိယဥက္ကဋ္ဌ အက်ဒ်ဝုဒ်ကတော့ လာမယ့်နွေရာသီမှာ စာချုပ်ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်တယ်လို့ ပြောထားပါတယ်။ အခုလောလောဆယ်မှာတော့ ဟာဖာ့စ် ကစားတာတွေကို စောင့်ကြည့်နေဆဲဖြစ်တယ်လို့ သူကဆိုပါတယ်။

ဟာဖာ့စ်ဟာ ၂၀၁၆ ခုနှစ်မှာ ဂျာမန်ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်တဲ့ အသက် ၁၇ နှစ်အောက် ဖရစ် ဗာတာ ငွေတံဆိပ်ဆု နဲ့ ၂၀၁၈ ခုနှစ်မှာ အသက် ၁၉ နှစ်အောက် ဖရစ် ဗာတာ ရွှေတံဆိပ်ဆုတို့ကိုရရှိထားသူဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး