တပ်တွင်းမဲရုံများကို အပြင်သို့ထုတ်လိုက်ပါက လုံခြုံရေးအခက်အခဲရှိနိုင်ဟု တပ်မတော်ဆို

တပ်တွင်းမဲရုံများကို အပြင်သို့ထုတ်လိုက်ပါက လုံခြုံရေးအခက်အခဲရှိနိုင်ဟု တပ်မတော်ဆို

တပ်တွင်းမဲရုံများကို အပြင်သို့ ထုတ်လိုက်ပါက တပ်မတော်သားများ မဲပေးရာတွင် အချို့နေရာများ၌ လုံခြုံ ရေးအခက်အခဲရှိနိုင်ကြောင်း တပ်မ တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော် မင်းထွန်းက နိုဝင်ဘာ ၇ ရက်၌ ပြော သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ၌ တပ်တွင်းမဲရုံများ အပြင်ထုတ်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က လွှတ်တော်ရွေးကောက်ပွဲနည်း ဥပဒေကိုပြင်ဆင်ခဲ့ပြီး ပြင်ဆင်ချက်၌ တပ်တွင်းထားရှိသည့် မဲရုံများကို တပ် ပြင်ပ သင့်လျော်သည့်နေရာတွင် ထား ရှိရန်ဆိုသည့်အချက် ပါဝင်ခဲ့သည်။ ယင်းရွေးကောက်ပွဲနည်းဥပဒေ ပြင် ဆင်ချက်ကို အောက်တိုဘာ ၃ ရက် ကတည်းက လွှတ်တော်သို့ ပေးပို့ခဲ့ပြီး ဖြစ်သည်။

အဆိုပါပြင်ဆင်ချက်နှင့် ပတ်သက် ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက "တ ချို့နေရာတွေရှိပါတယ်။ လုံခြုံရေးအရ တပ်ထဲမှာ ပေးသင့်တဲ့နေရာတွေရှိ သေးတယ်။ တချို့တပ်တွေက ကျေးရွာ နဲ့ ဝေးတဲ့နေရာတွေမှာရှိတယ်။ အဲ့ဒီလို မျိုးအခြေအနေတွေ ရှိနိုင်တယ်။ တချို့ နေရာတွေမှာ အခုလောလောဆယ် အထိ ပဋိပက္ခဖြစ်ပွားနေတယ်။ ရခိုင် လိုနေရာမျိုးဖြစ်ဖြစ်၊ ရှမ်းမြောက် လိုနေရာမျိုးဖြစ်ဖြစ် အပြင်ထွက်ပြီး မဲပေးလို့ အဆင်ပြေပါ့မလားဆိုတာမျိုး ရှိပါတယ်" ဟု ပြောသည်။

ထို့အပြင် အင်အားကြီးမားသည့် တပ်များ၏အုပ်ချုပ်မှုနယ်မြေအတွင်း ရပ်ကွက်တစ်ခုကဲ့သို့ တည်ဆောက်ထား ကြောင်း၊ ထိုနေရာများတွင် မဲပေးမှုပြု လုပ်ပါက တပ်မတော်က မဲရုံများကို ကြီးကြပ်ကွပ်ကဲခြင်းမရှိဘဲ ရွေးကောက် ပွဲကော်မရှင်က တာဝန်ပေးသူများ ကသာ ကြီးကြပ်ရကြောင်း၊ အဆိုပါ ပြင်ဆင်ချက်နှင့် ပတ်သက်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်များက လွှတ်တော်၌ တပ်မတော် ၏သဘောထားကို တရားဝင်ပြောဆို သွားရန်ရှိကြောင်း သိရသည်။

တပ်တွင်းမဲရုံများ အပြင်ထုတ်ရေး ကိစ္စအတွက် လက်ရှိအာဏာရပါတီ အင်န်အယ်လ်ဒီက ကြိုဆိုထောက်ခံထား ပြီး အတိုက်အခံပါတီဖြစ်သည့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ကန့်ကွက်ဝေဖန်ထားသည်။

သို့သော် ယင်းပြင်ဆင်ချက်သည် လွှတ်တော်၌ အတည်ပြုရန်လိုအပ် နေသေးကြောင်း သိရသည်။

နိုင်ငံသားတစ်ဦးချင်းစီက ၎င်း၏နိုင်ငံရေးစိတ်ဆန္ဒကို လျှို့ဝှက်မဲပေးပိုင်ခွင့်ရှိခြင်းသည် ရွေးကောက်ပွဲ၏အခြေခံသဘောသဘာဝဖြစ်သော် လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်ကဲ့သို့သောနေရာများ တွင် လုံခြုံရေးအခြေအနေအရ အခက် အခဲရှိလာသည့်အခါ ထိုနေရာများ၌ တပ်တွင်းမဲရုံများ အပြင်ထုတ်ရေး ကိစ္စအတွက်ညှိနှိုင်းမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းက သုံးသပ်သည်။

လက်ရှိရှမ်းပြည်နယ်(မြောက် ပိုင်း) နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့ ၌ တပ်မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး