ဘောလုံးမှာ အမျိုးသားတွေထက် အမျိုးသမီးတွေ လစာနည်းနေတာ တန်းတူပေးဖို့ အင်္ဂလန်အမျိုးသမီးအသင်း တောင်းဆို

ဘောလုံးမှာ အမျိုးသားတွေထက် အမျိုးသမီးတွေ လစာနည်းနေတာ တန်းတူပေးဖို့ အင်္ဂလန်အမျိုးသမီးအသင်း တောင်းဆို

အင်္ဂလန် လက်ရွေးစင်အသင်းမှာ အမျိုးသားတွေက လစာများပြီး အမျိုးသမီးတွေက လစာနည်းနေတာ ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ညှိ နှိုင်းပြီး တန်းတူပေးဖို့ အမျိုးသမီးလက် ရွေးစင်နှစ်ဦးဖြစ်တဲ့ ဂျော်ဒန်နော့ဘ်နဲ့ ဘက်သ်အင်္ဂလန်တို့က တောင်းဆိုထား ပါတယ်။

နိုင်ငံ့လက်ရွေးစင် အမျိုးသားနဲ့ အမျိုးသမီး ဘောလုံး အသင်းဝင်တွေ ကြားမှာ လစာ ကွာဟချက်မရှိစေဘဲ တန်းတူဖြစ်ရေးအတွက် အားကစား သမား သမဂ္ဂတွေနဲ့ ညှိနှိုင်းဆောင်ရွက် ပြီးပြီလို့ သြစတြေးလျ ဘောလုံးအဖွဲ့ ချုပ်ကလည်း နိုဝင်ဘာ ၆ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။ နယူး ဇီလန်နဲ့ နော်ဝေတို့မှာလည်း နိုင်ငံ့လက် ရွေးစင် အမျိုးသားနဲ့ အမျိုးသမီးဘော လုံးအသင်းဝင်တွေကြား လစာကွာဟ ချက် ကြီးမားနေတာကို ဖြေရှင်းပြီး အား လုံး တန်းတူညီမျှရရှိအောင် ဆောင် ရွက်ခဲ့ပါတယ်။

"တခြားနိုင်ငံတွေမှာတောင် ကျား၊ မ လစာ တန်းတူညီမျှအောင် လုပ်နိုင် တာ၊ အင်္ဂလန်မှာလည်း လုပ်နိုင်ရမှာ ပေါ့"လို့ အာဆင်နယ် ကွင်းလယ်က စားသမား နော့ဘ်က ပြောပါတယ်။

အင်္ဂလန်နဲ့ ဂျာမနီ အမျိုးသမီးအ သင်းတို့ဟာ နိုဝင်ဘာ ၉ ရက် ဝင်ဘ လေကွင်းမှာ ချစ်ကြည်ရေးပွဲ ကစားဖို့ ရှိပါတယ်။ ဗြိတိန်မှာကျင်းပတဲ့ အမျိုး သမီး ဘောလုံးပွဲတွေထဲမှာ ပရိသတ် အများဆုံး အားပေးမယ့်ပွဲလို့လည်း ခန့် မှန်း နေကြပါတယ်။ အင်္ဂလန်အမျိုး သမီးအသင်းဟာ ပြင်သစ်မှာ ကျင်းပ ခဲ့တဲ့ ယခုနှစ်ကမ္ဘာ့ဖလားမှာ စတုတ္ထ ဆွတ်ခူးခဲ့ပါတယ်။

"အမျိုးသမီးအသင်းက အမျိုးသား အသင်းထက်တောင် ရလဒ်ကောင်းပါ သေးတယ်။ လုပ်ခလစာကျမှ အမျိုး သမီးတွေက ဘာလို့ နည်းနေရတာလဲ" ဟု ချယ်လ်ဆီး အမျိုးသမီးအသင်း ရှေ့ တန်းကစားသမား ဘက်သ်အင်္ဂလန် ကဆိုပါတယ်။

ဘက်သ်က လက်တွေ့ကျကျလည်း သုံးသပ်ပေးထားပါတယ်။ အမျိုးသား ပွဲတွေကို ကြည့်ရှုသူ ပိုများတာကြောင့် အမျိုးသားအသင်းတွေက ဝင်ငွေ ပိုရှာ ပေးနိုင်တဲ့အတွက် လစာ ပိုများတာကို လက်ခံတဲ့အကြောင်း၊ ဒါပေမဲ့ အဲဒီအ ကြောင်းပြချက် တစ်ခုကြောင့် အမျိုး သမီးအသင်းတွေကို လစာလျှော့ပေး တာမျိုးကတော့ မသင့်တော်တဲ့အ ကြောင်းလည်း ထောက်ပြထားပါ တယ်။



ဖတ်ရှုမှုအများဆုံး