လက်စတာရဲ့ ရစ်သမ်ကို အာဆင်နယ် ချေဖျက်နိုင်ပါ့မလား

လက်စတာရဲ့ ရစ်သမ်ကို အာဆင်နယ် ချေဖျက်နိုင်ပါ့မလား

နော်ဝစ်ချ် - ဝက်ဖို့ဒ်

စနေ၊ နံနက် ၂း၃ဝ

ကစားပုံပျက်နေတဲ့ နှစ်သင်းတွေ့နေတာဖြစ်ပါတယ်။ ဝက်ဖို့ဒ်ကတော့ အခုထိ နိုင်ပွဲမရသေးတဲ့အသင်းဖြစ်ပါတယ်။ နော်ဝစ်ချ်ဟာ အိမ်ကွင်းဆိုရင် တိုက်စစ်ဖွင့်ကစားတဲ့ အသင်းဖြစ်ပါတယ်။ မန်စီးတီးကိုတောင် အနိုင် ကစားထားတဲ့ အသင်းဖြစ်လို့ အခုပွဲမှာ နော်ဝစ်ချ် အနိုင်ရသွားပါလိမ့်မယ်။

ချယ်လ်ဆီး - ပဲလေ့စ်

စနေ၊ ည ၇းဝဝ

လန်ဒန်ဒါဘီပွဲ ဖြစ်ပါတယ်။ ပဲလေ့စ်ဟာအာဆင်နယ်ကို သရေကစားနိုင်ပေမဲ့ လက်စတာကို ဂိုးပြတ်ရှုံးခဲ့ပါတယ်။ ချယ်လ်ဆီးက ကစားပုံတိုးတက်ကောင်းမွန်လာနေပါတယ်။ လူငယ်ကစားသမားတွေ ကစားပုံ ရဲရင့်လာနေပါတယ်။တိုက်စစ် ဦးစားပေးကစားနေတဲ့အသင်းဖြစ်ပါတယ်။ ပဲလေ့စ်ကတော့ ခံစစ်ဦးစားပေးလာနိုင်ပါတယ်။ ချယ်လ်ဆီး အသာရမယ့်ပွဲပါ။ချယ်လ်ဆီးအနိုင်က ပြတ်သားပါလိမ့်မယ်။

ဘန်လေ - ဝက်စ်ဟမ်း

စနေ၊ ည ၉း၃ဝ

ဘန်လေခြေပျက်နေပါတယ်။ ဝက်စ်ဟမ်းလည်း ခြေပျက်နေပါတယ်။ ဝက်စ်ဟမ်းဟာငါးပွဲဆက်တိုက် နိုင်ပွဲပျောက်နေပြီး ဘန်လေက သုံးပွဲဆက်တိုက် ရှုံးပွဲတွေ့ထားပါတယ်။ နှစ်သင်းလုံးရဲ့ ခံစစ်တွေ တော်တော်အားနည်းနေကြလို့ ဒီပွဲမှာ ဂိုးတွေအပြန်အလှန်သွင်းလာနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲဟာ ဂိုးများမယ့်ပွဲဖြစ်ပါတယ်။

နယူးကာဆယ် - ဘုန်းမောက်

စနေ၊ ည ၉း၃ဝ

နယူးကာဆယ်ဟာ ဝက်စ်ဟမ်းကွင်းမှာ အနိုင်ကစားထားပါတယ်။ အိမ်ကွင်းမှာ လေးပွဲဆက် ရှုံးပွဲမရှိကစားထားလို့ နယူးကာဆယ်ရစ်သမ်ကောင်းနေပါတယ်။ ဘုန်းမောက်က မန်ယူကို အနိုင်ကစားထားပါတယ်။ ခံစစ်ကသုံးပွဲဆက် ဂိုးမပေးရပါဘူး။ အခုပွဲဟာ အကြိတ်အနယ်ဖြစ်လာနိုင်ပြီး သွင်းဂိုးနည်းမယ့်ပွဲပါ။

ဆောက်သမ်တန် - အဲဗာတန်

စနေ၊ ည ၉း၃ဝ

ဆောက်သမ်တန်ကတော့ တော်တော်အခြေအနေ ဆိုးနေပါတယ်။ လက်စတာကို ကိုးဂိုးအသွင်းခံရပြီး မန်စီးတီးကို လိဂ်ဖလားမှာ သုံးဂိုး၊ ပရီမီယာလိဂ်မှာ နှစ်ဂိုး အသွင်းခံထားရပါတယ်။ အဲဗာတန်ကလည်း အဝေးကွင်းဆိုရင် တော်တော်အားနည်းတဲ့အသင်းဖြစ်ပါတယ်။ ခံစစ်က အားနည်းပါတယ်။ ဒါကြောင့်ဒီပွဲက သွင်းဂိုးများမယ့်ပွဲဖြစ်လာပါလိမ့်မယ်။

စပါး - ရှက်ဖီးလ်

စနေ၊ ည ၉း၃ဝ

တော့တင်ဟမ်တိုက်စစ်မှာ ဟယ်ရီကိန်းပြန်ပါလာနိုင်ပါတယ်။ ဆွန်ဟောင်မင်ပွဲပယ်ခံရနိုင်လို့ တိုက်စစ်ပိုင်း အားနည်းနေပါတယ်။ ရှက်ဖီးလ်ကတော့ လေးပွဲဆက်တိုက် ရှုံးပွဲမရှိ ရှစ်မှတ်ရယူထားပါတယ်။ အဝေးကွင်းဆိုရင် ခံစစ်ဦးစားပေးကစားပြီး တန်ပြန်တိုက်စစ်နဲ့ထိုးဖောက်တဲ့အသင်း ဖြစ်ပါတယ်။ ရှက်ဖီးလ်ရဲ့ လက်ရှိကစားပုံက ကောင်းနေတော့ သရေကစားနိုင်မယ်ထင်ရပေမဲ့ ရစ်သမ်ပျက်နေတဲ့တော့တင်ဟမ်ကို ကြိုက်ပါတယ်။ တော့တင်ဟမ် ပြတ်ပြတ်သားသား အနိုင်ရပါလိမ့်မယ်။

လက်စတာ - အာဆင်နယ်

တနင်္ဂနွေ၊ နံနက် ဝဝးဝဝ

အာဆင်နယ်ဟာ အိမ်ကွင်း နှစ်ပွဲဆက်တိုက်ကစားရပြီး သရေတွေချည်းကျသွားပါတယ်။ နောက်ဆုံးသုံးပွဲ နိုင်ပွဲပျောက်နေပါတယ်။လက်စတာကတော့ သုံးပွဲဆက်တိုက် နိုင်ပွဲရထားပါတယ်။ လက်စတာခံစစ်နဲ့ အာဆင်နယ်ခံစစ်ယှဉ်လိုက်ရင် လက်စတာခံစစ်က ပိုကောင်းနေပါတယ်။ အာဆင်နယ်ဟာ အဝေးကွင်းမှာ တစ်ပွဲသာနိုင်ထားပါတယ်။ အခု လက်စတာကွင်းမှာ အာဆင်နယ်ဂိုးသွင်းခံရပါလိမ့်ဦးမယ်။ လက်စတာအနိုင်ရပါ လိမ့်မယ်။

မန်ယူ - ဘရိုက်တန်

တနင်္ဂနွေ၊ ည ၈း၃ဝ

မန်ယူက ၁၃ မှတ်၊ ဘရိုက်တန်က ၁၅ မှတ်ရထားပါတယ်။ မန်ယူဟာ အလယ်အလတ်အဆင့်ပဲရှိနေပါတယ်။ ဘရိုက်တန်က နှစ်ပွဲ ဆက်တိုက်အနိုင်ရထားပြီး ဂိုးသွင်းအားက မန်ယူထက်ပိုကောင်းနေပါတယ်။ မန်ယူဟာဂိုးတစ်ဂိုးသွင်းပြီး ထိန်းကစားတာတွေ့နေရပါတယ်။ ဘရိုက်တန်ဟာ ခံစစ်ဦးစားပေးပြင်လာမယ့်ပွဲ ဖြစ်ပါတယ်။ ဘရိုက်တန်တိုက်စစ်က ထရိုဆာ၊ မူပေးတို့ဟာ မာရှယ်၊ရပ်ရှ်ဖို့ဒ်တို့လောက် ကောင်းတဲ့သူတွေ ဖြစ်ပါတယ်။ ဘရိုက်တန် တစ်ဂိုးသွင်းနိုင်ခြေရှိလို့ ဘရိုက်တန်ကို ကြိုက်ပါတယ်။

ဝုဗ်ဗာဟန်တန် − ဗီလာ

တနင်္ဂနွေ၊ ည ၈း၃ဝ

ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့အပတ်ထဲက လိဂ်ဖလားပွဲ ကစားထားပါတယ်။ ဗီလာကွင်းမှာ ဗီလာက ၂−၁ နဲ့နိုင်ခဲ့ပါတယ်။ ဝုဗ်ဟာ ပရီမီယာလိဂ်မှာ ခြောက်ပွဲဆက်တိုက် ရှုံးပွဲမရှိကစားထားပါတယ်။ နှစ်ပွဲနိုင် လေးပွဲသရေကစားထားပါတယ်။ ဗီလာက မန်စီးတီး၊ လီဗာပူးတို့နဲ့ဆက်တိုက်တွေ့ပြီး ရှုံးနိမ့်ထားပါတယ်။ဗီလာဟာ အဝေးကွင်း ကစားပုံမကောင်းပါဘူး၊ ခံစစ်အားနည်းတဲ့အတွက် ကစားပုံငြိမ်တဲ့ ဝုဗ်ဟာ အိမ်ကွင်းမှာ အနိုင်ရသွားပါလိမ့်မယ်။



ဖတ်ရှုမှုအများဆုံး