ယာယီနည်းပြနဲ့ ဘိုင်ယန် အခြေအနေ ကောင်းပါ့မလား

ယာယီနည်းပြနဲ့ ဘိုင်ယန် အခြေအနေ ကောင်းပါ့မလား

ကိုလုံး − ဟော့ဖန်ဟိမ်း

စနေ၊ နံနက် ၂းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ဟော့ဖန်ဟိမ်း ၆-ဝ ကိုလုံး

ကိုလုံးက အသင်းငယ် အချင်းချင်း ကစားရင်တောင် အနိမ့်အသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့်လည်းတန်းဆင်းဇုန်ထဲက မလွတ်သေးတာပါ။ ဟော့ဖန်ဟိမ်းက လက်ရှိမှာ ခြေတက်နေတဲ့ အသင်းပါ။ ကိုလုံးအိမ်ကွင်းမှာဖြစ်ပေမဲ့ ဟော့ဖန်ဟိမ်းရဲ့ ရစ်သမ်ကို အိမ်ရှင်တို့ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ဟော့ဖန်ဟိမ်းဘက်ကပဲ ရပ်တည်သင့်တဲ့ပွဲပါ။

ဟာသာဘာလင် − လိုက်ပဇစ်

စနေ၊ ည ၉းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ လိုက်ပဇစ် ၅-ဝ ဟာသာဘာလင်

ဟာသာဘာလင်က အိမ်ကွင်းကစားအားကောင်းတဲ့ အသင်းပါ။ အခုလက်ရှိ အမှတ်ပေးဇယား အဆင့် (၁၁) နေရာမှာရပ်တည်နေရတာကလည်း အိမ်ကွင်းပွဲစဉ်တွေရဲ့ရလဒ်တွေကြောင့်ပါ။ လိုက်ပဇစ်ကကွင်းမရွေးတဲ့ အသင်းပါ။ ခြေလည်းငြိမ်ပါ တယ်။နောက်ပိုင်းပွဲတွေမှာ ဂိုးပြတ်တွေနဲ့ နိုင်နေတဲ့အသင်းပါ။ ဒါပေမဲ့ ဟာသာဘာလင်ကွင်းမှာတော့ လိုက်ပဇစ်တို့ အနည်းငယ် ခက်ခဲနိုင်ပါတယ်။ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲလည်း ကစားထားရတော့ ဟာသာဘာလင်ကိုပဲ ရွေးချယ်ချင်တယ်။

မိန့်ဇ် − ယူနီယံဘာလင်

စနေ၊ ည ၉းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ယူနီယံဘာလင် ၁-၁ ယူနီယံဘာလင်

မိန့်ဇ်က ပြီးခဲ့တဲ့တစ်ပတ် ပွဲစဉ်တုန်းက လိုက်ပဇစ်ကို ရှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ဒါကြောင့် မိန့်ဇ်ကို အခုပွဲမှာလည်း အခြေအနေမကောင်းနိုင်ဘူးလို့ ယူဆနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင် ယူနီယံဘာလင်အသင်းက ကြိုးစားအားထုတ်မှုကောင်းတဲ့အသင်းပါ။ အိမ်ကွင်းဖြစ်ပေမဲ့ မိန့်ဇ်တို့ ထင်သလောက် မလွယ်လောက်ပါဘူး။ ယူနီယံဘာလင်ကို ယုံကြည်ချင်တယ်။

ရှော်လ်ကေး - ဒူဆယ်ဒေါ့ဖ်

စနေ၊ ည ၉းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ရှော်လ်ကေး ဝ-၄ ဒူဆယ်ဒေါ့ဖ်

ပြီးခဲ့တဲ့ရာသီ ရှော်လ်ကေး အိမ်ကွင်းမှာ တွေ့ဆုံတော့ ဧည့်သည်အသင်းက မထင်မှတ်လောက်အောင် ဂိုးပြတ်အနိုင်ရခဲ့တယ်။အခုလည်း ဒီလိုရလဒ်မျိုး ထွက်လာမလားဆိုတာ စဉ်းစားစရာပါ။ ဒါပေမဲ့ ရှော်လ်ကေးရဲ့ ခြေစွမ်းက မနှစ်ကလို မဟုတ်တော့ပါဘူး။ ဒူဆယ်ဒေါ့ဖ်ကတော့ အခုချိန်ထိ ခြေမငြိမ်သေးဘဲ အသင်းငယ်တွေကိုသာ အနိုင်ကစားနိုင်တဲ့ အသင်းဖြစ်ပါတယ်။ အဝေးကွင်းလည်းဖြစ်နေတာကြောင့် ဒူဆယ်ဒေါ့ဖ်ကို လက်ရှောင်ထားသင့်တယ်။

ပက်ဒါဘွန်း − အော့စ်ဘတ်

စနေ၊ ည ၉းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ပက်ဒါဘွန်း ၂-၁ အော့စ်ဘတ်

ပက်ဒါဘွန်းက အဆင့် (၁၈) ရောက်နေတဲ့အသင်း ဖြစ်ပါတယ်။ အော့စ်ဘတ်ကအဆင့် (၁၆) မှာပါ။ လက်ရှိအနေအထားတွေအရ ပက်ဒါဘွန်းအတွက် ပြောစရာမရှိပေမဲ့ အော့စ်ဘတ်လိုအသင်းမျိုး အခုလိုဖြစ်နေတာကတော့ ဆိုးလွန်းပါတယ်။ ပက်ဒါဘွန်းကွင်းမှာလည်း အော့စ်ဘတ်တို့အတွက် မျှော်လင့်ချက် နည်းနေပါတယ်။ ပက်ဒါဘွန်းကိုပဲ အားပေးရမှာပါ။

ဘိုင်ယန် − ဒေါ့မွန်

တနင်္ဂနွေ၊ နံနက် ဝဝးဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ဒေါ့မွန် ၂-ဝ ဘိုင်ယန်

ဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ ထိပ်တန်းအသင်းကြီးနှစ်သင်း တွေ့ဆုံတဲ့ပွဲ ဖြစ်ပါတယ်။ဘိုင်ယန်ဟာ ပြီးခဲ့တဲ့တစ်ပတ် ပွဲစဉ်တုန်းက ဖရန့်ဖတ်ကို ၅−၁ နဲ့ ဂိုးပြတ်ရှုံးလိုက်တာကြောင့် နည်းပြကိုဗက်နဲ့ အဖွဲ့ကို အသင်းက ထုတ်ပယ်လိုက်ပါတယ်။ နှစ်သင်းစလုံးက ချန်ပီယံလိဂ်ပြိုင်ပွဲကြောင့် ပြည်တွင်းပွဲစဉ်တွေမှာ အနည်းငယ် ရလဒ်ဆိုးနေပါတယ်။ အခြေအနေတွေ အားလုံးတူညီနေတာကြောင့် အိမ်ရှင်လည်းဖြစ်ပြီး သိက္ခာဆယ်ဖို့လည်း လိုနေတဲ့ ဘိုင်ယန်ကို ရွေးချယ်ချင်တယ်။

မွန်ချင်ဂလက်ဘတ် - ဝါဒါဘရီမင်

တနင်္ဂနွေ၊ ည ၇းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ မိုချင် ၁-၁ ဝါဒါဘရီမင်

မွန်ချင်တို့ အမှတ်ပေးဇယားကို ဦးဆောင်နေနိုင်ဆဲပါ။ ဒီနှစ် ပြည်တွင်းမှာရော ဥရောပပြိုင်ပွဲမှာပါ ဟန်ချက်ညီအောင် ကစားနေတဲ့ မိုချင်ရဲ့ ခြေကိုတော့ အသိအမှတ်ပြုရမှာပါ။ ဝါဒါက သာမန်ခြေစွမ်းသာရှိတဲ့အသင်းပါ။ သရေရလဒ်တွေ များနေပါတယ်။ အခုပွဲမှာလည်း ဝါဒါဘရီမင်တို့ သရေတစ်မှတ်ခွဲယူဖို့ ကြိုးစားဦးမှာပါ။ ဒါပေမဲ့ မွန်ချင်ရဲ့ ရစ်သမ်ကြောင့် အိမ်ရှင်ကိုပဲ အားပေးသင့်တယ်။

ဝုဖ်ဘတ် − လေဗာကူဗင်

တနင်္ဂနွေ၊ ည ၉းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ဝုဖ်ဘတ် ဝ-၃ လေဗာကူဆင်

နှစ်သင်းစလုံးက နိုင်ပွဲပျောက်နေကြတဲ့အသင်းတွေပါ။ ဒါကြောင့် အမှတ်ပေးဇယားအလယ်လောက်မှာ ရပ်တည်နေကြရတာပါ။ ဥရောပပွဲတွေကြောင့်လည်း သူတို့နှစ်သင်းအခုလို ဖြစ်နေတာလို့ ယူဆစရာပါ။ ပြီးခဲ့တဲ့ တစ်ပတ်က ပွဲစဉ်တွေမှာ နှစ်သင်းစလုံး ရှုံးပွဲတွေ့ခဲ့ပါတယ်။ အခုကြားရက်မှာလည်း ဥရောပပွဲတွေ ကစားထားရတာကြောင့် ဒီနှစ်သင်းရဲ့ အခုတစ်ကြိမ် တွေ့ဆုံမှုက သရေရလဒ်ဘက် ဦးတည်နေပါတယ်။

ဖရိုင်းဘတ် − ဖရန့်ဖတ်

တနင်္ဂနွေ၊ ည ၁၁း၃ဝ

နောက်ဆုံးတွေ့ဆုံမှု၊ ဖရန့်ဖတ် ၃−၁ ဖရိုင်းဘတ်

ဖရိုင်းဘတ်ရဲ့ခြေက ခန့်မှန်းရခက်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ကိုယ့်ထက်သာတဲ့အသင်းဆို ခံကစားပြီး တန်းတူအသင်းတွေနဲ့ အောက်အသင်းတွေဆိုရင် ရလဒ်မကောင်းတတ်ပါဘူး။ ဖရန့်ဖတ်က ပြီးခဲ့တဲ့တစ်ပတ် ပွဲစဉ်တုန်းက ဘိုင်ယန်ကို ဂိုးပြတ်အနိုင်ယူထားတဲ့အသင်း ဖြစ်တာကြောင့်လျှော့တွက်လို့ မရပါဘူး။ ဖရိုင်းဘတ်တို့ အိမ်ကွင်းပွဲစဉ်ဖြစ်ပေမဲ့ ဖရန့်ဖတ်ကို အမှတ်ခွဲပေးရနိုင်ပါတယ်။



ဖတ်ရှုမှုအများဆုံး