ဆက်စူလို − ဘိုလော့နာ (စနေ၊ နံနက် ၂း၁၅)
နှစ်သင်းစလုံးရဲ့ အနိုင်ရလဒ်ဆိုတာ တော်တော်လေးရှာယူမှ တွေ့နိုင်တဲ့ အသင်းတွေပါ။အရှုံးရလဒ်တွေသာ များနေတဲ့ အသင်းတွေဖြစ်ပါတယ်။ အခြေအနေတူ နှစ်သင်း တွေ့ဆုံတဲ့ပွဲမျိုးမှာ အိမ်ရှင်တို့ အသာရလေ့ရှိတယ်ဆိုပေမဲ့ ဘိုလော့နာရဲ့ ကစားအားကြောင့် အခုတစ်ကြိမ်မှာ လွဲသွားနိုင်ပါတယ်။ အမှတ်ခွဲယူကြမယ့်ပွဲလို့ ထင်ပါတယ်။
ဘရက်စီယာ − တိုရီနို (စနေ၊ ည ၈း၃ဝ)
ဘရက်စီယာတို့ ရုန်းကန်ရေတုန်းပါပဲ။ အခုချိန်ထိ သူတို့အတွက် ရလဒ်ကောင်းတွေ ထွက်မလာသေးပါဘူး။ ဒါပေမဲ့ ပွဲတိုင်းနီးပါး ဂိုးရနေတာကိုတော့ ချီးကျူးရမှာပါ။ တိုရီနိုက လည်း ဘရက်စီယာနဲ့ သိပ်ကွာတဲ့အသင်းတော့ မဟုတ်ပါဘူး။ ဒါကြောင့် အိမ်ကွင်းမှာ ဘရက်စီယာတို့အတွက် အခွင့်အရေးရှိနေပါတယ်။ အိမ်ရှင်ကို ကြိုက်ပါတယ်။
အင်တာမီလန် − ဗီရိုနာ (စနေ၊ ည ၁၁း၃ဝ)
ချန်ပီယံလိဂ်အဝေးကွင်းပွဲ ကစားထားရလို့ အင်တာတို့ ပွဲပန်းနေမှာ သေချာပါတယ်။ စီးရီးအေမှာတော့ အင်တာတို့ ဂျူဗင်တပ်ကို အကောင်းဆုံး ဖိအားပေးနိုင်နေပါတယ်။ ခြေလည်းမှန်ပါတယ်။ ဗီရိုနာကလည်း နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်နှစ်ပွဲမှာ နိုင်ပွဲတွေရခဲ့ပြီး ခြေက အတက်ဘက်မှာ ရှိနေပါတယ်။ ပွဲပန်းနေတဲ့ အင်တာ အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရဖို့ ခက်နိုင်ပါတယ်။
နာပိုလီ − ဂျီနိုအာ (တနင်္ဂနွေ၊ နံနက် ၂း၁၅)
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်တစ်ဆင့်ကောင်းနေတဲ့ နာပိုလီတို့ ပြည်တွင်းအမှတ်ပေးပွဲကို ပြန်ပြီးအာရုံစိုက်ရမယ့်အချိန် ရောက်နေပါပြီ။ လက်ရှိအချိန်မှာ နာပိုလီဟာ အဆင့် (၁၇) နေရာကိုတောင် ရောက်နေပါတယ်။ ဒါဟာ နာပိုလီလို အသင်းမျိုးအတွက် ရှိသင့်တဲ့နေရာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီက အသင်းကြီးတွေက ခံကစားလေ့ရှိတဲ့ ဂျီနိုအာခြေစွမ်းကတော့ လက်ရှိရာသီမှာ ပျောက်ဆုံးနေပါတယ်။ နာပိုလီပဲ အသာစီးရသွားဦးမှာပါ။
ကက်ဂလီယာရီ − ဖီအိုရင်တီးနား (တနင်္ဂနွေ၊ ညနေ ၆းဝဝ)
ကက်ဂလီယာရီက ခြေစွမ်းအတက်ဘက်ကိုပြနေပေမဲ့ ဖီအိုရင်တီးနားက အကျဘက်ကို ရောက်နေပါတယ်။ အခုလည်း ကက်ဂလီယာရီကွင်းမှာ ဖီအိုရင်တီးနားတို့အတွက် မျှော်လင့်ချက်နည်းနေပါတယ်။ နှစ်သင်းစလုံးက ဂိုးသွင်းနိုင်တဲ့အသင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့်အခုပွဲစဉ်မှာ အိမ်ရှင်နဲ့ သွင်းဂိုးအများကို ကြိုက်ပါတယ်။
လာဇီယို − လက်ချီ (တနင်္ဂနွေ၊ ည ၈း ၃ဝ)
အခြေအနေချင်း အများကြီးကွာဟတဲ့ အသင်းနှစ်သင်း တွေ့ဆုံတဲ့ပွဲပါ။ လာဇီယိုက နိုင်ပွဲတွေဆက်နေပြီး လက်ချီက သရေရလဒ်တွေနဲ့ လုံးချာလည်နေပါတယ်။ ဒါပေမဲ့ လာဇီယိုကအခုပွဲမတိုင်မီ ယူရိုပါလိဂ်ကစားထားရပါတယ်။ ဒါကိုထည့်တွက်မယ်ဆိုရင် အိမ်ရှင်ဖြစ်တဲ့ လာဇီယိုတို့ နိုင်ခဲ့မယ်ဆိုရင်တောင် ဂိုးမပြတ်နိုင်ပါဘူး။
ဆမ်ဒိုးရီးယား − အတ္တလန္တာ (တနင်္ဂနွေ၊ ည ၈း၃ဝ)
ဒီပွဲစဉ်ကလည်း အနေအထားကွာတဲ့အသင်းနှစ်သင်းတွေ့ဆုံတဲ့ပွဲပါပဲ။ ဆမ်ဒိုးရီးယားက ပြီးခဲ့တဲ့ပွဲစဉ်တုန်းက နိုင်ပွဲပြန်ရခဲ့တာကြောင့် စိတ်ဓာတ်ပိုင်းမှာ အသာရနေပါတယ်။ အတ္တလန္တာက ကြားရက်မှာ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ကစားထားရပါတယ်။ ဒါပေမဲ့ အတ္တလန္တာက အသင်းရွေးတဲ့အသင်း မဟုတ်ပါဘူး။ အတ္တလန္တာ ကပ်နိုင်သွားနိုင်တယ်။
ယူဒီးနိစ် − SPAL (တနင်္ဂနွေ၊ ည ၈း၃ဝ)
ဂျီနိုအာကို အနိုင်ကစားနိုင်ခဲ့တဲ့ ယူဒီးနိစ်တို့ အခုအိမ်ကွင်းပွဲစဉ်မှာလည်း အခြေအနေကောင်းနိုင်ပါတယ်။SPAL က အခုချိန်ထိ အရှုံးသံသရာထဲက မထွက်နိုင်သေးဘဲ ဇယားအောက်ဆုံးမှာ ရောက်နေပါတယ်။ ဒါကြောင့် အခုပွဲစဉ်မှာ အိမ်ရှင်ဖြစ်တဲ့ ယူဒီးနိစ်ဘက်က အဘက်ဘက်မှာ အသာရနေပါတယ်။ ယူဒီးနိစ်အနိုင် သေချာပါတယ်။
ပါးမား - ရိုးမား (တနင်္ဂနွေ၊ ည ၁၁း၃ဝ)
လက်ရှိရပ်တည်မှုတွေအရ ကြည့်မယ်ဆိုရင် ပါးမားက နိမ့်တယ်လို့ထင်ရပါတယ်။ ဒါပေမဲ့ပါးမားအသင်းမှာ အသင်းလိုက် ကစားအားကောင်းတဲ့ အချက်လေးရှိနေပါတယ်။ ရိုးမားက နိုင်ပွဲတွေ တောက်လျှောက်ဆက်နေတယ်ဆိုပေမဲ့ ကြားရက်မှာ ဥရောပပွဲ ကစားထားရပါတယ်။ အခုကစားရမှာက ပါးမားကွင်းဖြစ်နေတာကြောင့် ရိုးမားတို့အတွက် ခက်ခဲမယ့်ပွဲစဉ်တစ်ပွဲပါ။
ဂျူဗင်တပ် − အေစီမီလန် (တနင်္လာ၊ နံနက် ၂း၁၅)
ပြိုင်ဘက်ကောင်းတွေ တွေ့ဆုံတဲ့ပွဲပါ။ ဒါပေမဲ့ အခုချိန်မှာတော့ မဟုတ်တော့ပါဘူး။လက်ရှိအချိန်မှာ အေစီက အသင်းကြီးတစ်သင်း ဖြစ်ခဲ့တယ်ဆိုတာ ယုံရခက်ခက်ဖြစ်နေပါတယ်။ ဂျူဗင်တပ်ကတော့ အခုချိန်ထိ စီးရီးအေမှာ ပန်းပန်နေဆဲပါ။ အိမ်ကွင်းလည်းဖြစ်တာကြောင့် ဂျူဗင်တပ်ပါပဲ။















