လီဗာပူးကွင်း၌ အနိုင်ရရန်သာ ဦးတည်ကစားမည်ဖြစ်ကြောင်း ဖာနန်ဒင်ဟိုပြော

လီဗာပူးကွင်း၌ အနိုင်ရရန်သာ ဦးတည်ကစားမည်ဖြစ်ကြောင်း ဖာနန်ဒင်ဟိုပြော

မန်စီးတီးအဓိကကစားသမားတစ်ဦး ဖြစ်သူ ဖာနန်ဒင်ဟိုက လီဗာပူးကွင်းသို့သွားရောက်၍ အနိုင် ရရန်သာ ကြိုးစားကစားမည့်ဖြစ်ကြောင်း ပွဲမတိုင်ခင် ကြုံးဝါးပြောဆိုခဲ့သည်။

ပရီး မီးယားလိဂ်ပွဲစဉ်(၁၁)အပြီး မန်စီးတီးမှာ ဦးဆောင်သူ လီဗာပူးအသင်းနှင့် (၆)မှတ် ကွာဟနေပြီး ပွဲစဉ်(၁၂)တွင် ပွဲကြီးပွဲ ကောင်းအဖြစ် ထိပ်တိုက်တွေ့ဆုံနေသည်။ မန်စီးတီးအသင်းသည် ၁၉၈၁ ခုနှစ် နောက်ပိုင်း လီဗာပူးကွင်းတွင် တစ်ပွဲသာ အနိုင်ရခဲ့ပြီး ရလဒ်များဆိုးရွားနေသည်။

ဘရာဇီးကစားသမားလည်းဖြစ်သူ ဖာနန်ဒင်ဟိုသည် မန်စီးတီးကစားသမား ဘဝ လီဗာပူးကွင်း အန်ဖီးလ်၌ ခုနစ်ကြိမ် ကစားဖူးရာ တစ်ပွဲမှ အနိုင်မရခဲ့ပေ။ မန်စီးတီးသည် အန်ဖီးလ်ကွင်းသွားကစား တိုင်း ရလဒ်ဆိုးရွားသည်မှာ အစဉ်အလာ တစ်ခုလိုဖြစ်နေသည်။

သို့သော် ဖာနန် ဒင်ဟိုက ရလဒ်များဆိုးရွားနေသည့်တိုင် ယခုတစ်ကြိမ် လီဗာပူးကွင်းတွင် အနိုင် ကစားမည်ဟုဆိုကာ ပွဲမတိုင်ခင် စိတ်ဓာတ် လှုံ့ဆော်မှုပြုလုပ်ခဲ့သည်။

ဖာနန်ဒင်ဟိုက ''ကျွန်တော်တို့ အန်ဖီးလ်ကွင်းသွားပြီး နိုင်ဖို့ပဲကစားမှာပါ။ အတ္တလန္တာနဲ့ပွဲမှာ ပွဲစကတည်းက ကျွန်တော်တို့ လုပ်နိုင် ခဲ့သလိုမျိုးကစားမှာပါ။ သေချာတာက တော့ တနင်္ဂနွေနေ့မှာ အန်ဖီးလ်ကိုသွား မယ်။ အနိုင်ရဖို့ပဲ ကစားမယ်လို့ပြောပါ ရစေ''ဟု ဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး