ပဲလေ့စ်ပွဲမတိုင်မီ မာဆန်မောင့် လေ့ကျင့်ခန်းဆင်း

ပဲလေ့စ်ပွဲမတိုင်မီ မာဆန်မောင့် လေ့ကျင့်ခန်းဆင်း

ချယ်လ်ဆီး အဓိကကစားသမား မာဆန်မောင့်သည် ခရစ္စတယ်ပဲလေ့စ်နှင့် ကစားရမည့်ပွဲမတိုင်မီ အသင်းနှင့် လေ့ ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ကြောင်း ဗြိတိန် သတင်းများက ရေးသားခဲ့သည်။

အသက် (၂ဝ)အရွယ် အင်္ဂလန်ကွင်းလယ်ကစား သမား မာဆန်မောင့်သည် အေဂျက်နှင့် လေးဂိုးစီသရေကျခဲ့သည့် ချန်ပီယံလိဂ် အုပ်စုပွဲတွင် ဒုတိယပိုင်း၌ ညာဘက်ခြေ ကျင်းဝတ်ဒဏ်ရာရရှိခဲ့သူဖြစ်သည်။

မာ ဆန်မောင့်သည် စက်တင်ဘာလကလည်း ဗလင်စီယာနှင့် ချန်ပီယံလိဂ်ပွဲတွင် အလားတူဒဏ်ရာရရှိခဲ့သည်။

အေဂျက် ပွဲ၌ လူစားလဲခံခဲ့ရသော မာဆန်မောင့် သည် ပဲလေ့စ်နှင့်ပွဲတွင် ကစားရန်မသေချာဟုထင်ရသော်လည်း နည်းပြလမ်းပတ်ကမူ အင်္ဂလန်သား ဝင်ကစားနိုင်ရန် မျှော်လင့်ထားသည်။

မာဆန်မောင့်သည် ယခုနှစ်ဘောလုံး ရာသီတွင် ချယ်လ်ဆီးအတွက် ခြေစွမ်း ပြကစားနေပြီး ပြိုင်ပွဲစုံ(၁၇)ပွဲ ကစား ထားသူဖြစ်သည်။ အင်္ဂလန်လက်ရွေးစင် နည်းပြ ဆောက်ဂိတ်သည် မွန်တီနီဂရိုး၊ ကိုဆိုဗိုတို့နှင့် ယူရို ၂ဝ၂ဝ ခြေစစ်ပွဲအတွက် လူစာရင်းထုတ်ပြန်ခဲ့ရာ မာဆန်မောင့် ပါဝင်ခဲ့ကြောင်း သိရသည်။



ဖတ်ရှုမှုအများဆုံး