ဘင်္ဂလားဒေ့ရှ်အစိုးရက ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းက ပေးပို့ခဲ့သည့် နေရပ် စွန့်ခွာသူစာရင်းရှိ လူဦးရေ ၂၂၄၃၂ ဦးအား မြန်မာအစိုးရဘက်က တစ်နှစ်ကျော်ကြာအချိန်ယူ စိစစ်မှုပြုလုပ်ခဲ့ပြီး လူဦးရေ ၁၄၀ဝ ဝန်းကျင် စိစစ်မှုပြုလုပ်ရန်ကျန်နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက်၌ ထုတ်ပြန်သည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ပြုလုပ်ခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မြန်မာနိုင်ငံတွင်နေထိုင်ခဲ့သူများ ပြန်လည်ခေါ်ယူရေးဆိုင်ရာ မြန်မာ– ဘင်္ဂလားဒေ့ရှ် တတိယအကြိမ်မြောက် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ နေရပ်စွန့်ခွာသူ ၂၂၄၃၂ ဦးစာရင်းအား မြန်မာကိုယ်စားလှယ်အဖွဲ့ထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစာရင်းများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စိစစ်ခဲ့ရာ နိုဝင်ဘာ ၁ ရက်အထိ နေရပ်စွန့်ခွာသူ ၂၀၉၆၃ ဦးအား စိစစ်မှုဆောင်ရွက်ပြီး ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ဝင်ရောက်လာသူများအား နေရာချထားရာတွင် မြန်ဆန်ချောမွေ့ စရန် လုပ်ငန်းလိုအပ်ချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှစိစစ်ပြီးသူများအား ကျေးရွာအလိုက် ပြန်လည်စာရင်းပြုစုပြီး အသုတ်လိုက်ပေးပို့လျက်ရှိရာ သတ္တမအသုတ်အထိ ကျေးရွာအလိုက်စိစစ်ပြီးသူ ၃၄၅၀ ဦးစာရင်းအား ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဇူလိုင် ၁၁ ရက်က ပေးပို့ခဲ့ပြီးဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်လပိုင်းကဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်းအား ဗျွှဗ အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်ခံရမှုဖြစ်စဉ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခိုလှုံခဲ့ရခြင်းဖြစ်သည်။















