ဘိုင်ယန်နည်းပြရာထူး အာစင်ဝင်းဂါးဆွေးနွေးမည်

ဘိုင်ယန်နည်းပြရာထူး အာစင်ဝင်းဂါးဆွေးနွေးမည်

အာဆင်နယ်အသင်းကို ကာလ ရှည်ကြာစွာနည်းပြခဲ့ပြီးနောက် နည်းပြ လောကမှအနားယူထားသည့် အသက် (၇ဝ)အရွယ် အာစင်ဝင်းဂါးက လာမည့် အပတ်၌ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ရာထူးအတွက် တာဝန်ရှိသူများနှင့်ဆွေး နွေးသွားမည်ဖြစ်ကြောင်း အသိပေးခဲ့ သည်။

နည်းပြအာစင်ဝင်းဂါးသည် ပြင် သစ်အသင်းများဖြစ်သော နန်စီနှင့် မိုနာ ကိုတို့ကိုကိုင်တွယ်ခဲ့ဖူးပြီး ဂျပန်နိုင်ငံ၌ လည်း နည်းပြခဲ့ဖူးသူဖြစ်သည်။

အာစင်ဝင်းဂါးက ''ကျွန်တော်က တနင်္ဂနွေနေ့အထိ ဒူဘိုင်းမှာရှိနေဦးမှာ ပါ။ လာမယ့်သီတင်းပတ်မှာတော့ ကျွန် တော်တို့ဆွေးနွေးကြမယ်။ ဒီသတင်းက ကောလာဟလမဟုတ်ပါဘူး။ ဗုဒ္ဓဟူးနေ့ က ကျွန်တော့်ကို ရူမင်နစ်ဂီ ဖုန်းဆက် သေးတယ်။ ချက်ချင်းကြီး အဖြေပြန်မပေး နိုင်ဘူး။ သူ့ကို ကျွန်တော်ပြန်ပြောမယ် လို့ ပြောခဲ့ပါတယ်။ နည်းပြရာထူးကို ကျွန်တော်စိတ်ဝင်စားသလားဆိုပြီး သူက မေးခဲ့ပါတယ်။ သူနဲ့ ငါးမိနစ်လောက် စကားပြောဖြစ်ပါတယ်။ အခုတော့ ဖလစ် ကို ယာယီခန့်ထားပြီး နောက်ထပ်နှစ်ပွဲ တာဝန်ယူဦးမယ်လို့ ရူမင်နစ်ဂီက ပြောပါ သေးတယ်''ဟု ဖွင့်ဟခဲ့သည်။



ဖတ်ရှုမှုအများဆုံး