ဗန်ဒိုက်နှင့် ဟန်ဒါဆန်တို့ မန်စီးတီးပွဲ၌ ကစားနိုင်မည်ဟု ဂျာဂင်ကလော့ပ်ပြောကြား

ဗန်ဒိုက်နှင့် ဟန်ဒါဆန်တို့ မန်စီးတီးပွဲ၌ ကစားနိုင်မည်ဟု ဂျာဂင်ကလော့ပ်ပြောကြား

လီဗာပူးအသင်းနည်းပြ ဂျာဂင် ကလော့ပ်က အဓိကနောက်ခံလူ ဗန်ဒိုက် နှင့် ကွင်းလယ်လူ ဟန်ဒါဆန်တို့မှာ မန် စီးတီးနှင့်ကစားရမည့်ပွဲ၌ ဝင်ကစားရန် ကြံ့ခိုင်မှုပြည့်ဝနေမည်ဖြစ်ကြောင်း သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန် သည် အဖျားဝေဒနာကြောင့် ဂျန့်ခ်အား နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရသည့်ပွဲကို လွဲချော်ခဲ့သည်။ နောက်ခံလူ ဗန်ဒိုက်မှာ ဆုယူရန်အတွက် မွေးရပ်မြေနယ်သာလန် သို့ပြန်သွားခဲ့ကြောင်း သိရသည်။

ထို့ ကြောင့် ဗန်ဒိုက်သည် ကြာသပတေးနေ့ ကပြုလုပ်ခဲ့သော အသင်းလေ့ကျင့်ခန်း အစီအစဉ်တွင် ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။ သို့သော် ကစားသမားနှစ်ဦးစလုံးမှာ မန် စီးတီးပွဲကစားနိုင်မည်ဟု နည်းပြကလော့ပ် က ယုံကြည်ထားသည်။

နည်းပြ ကလော့ပ်က ''ဗန်ဒိုက်ဟာ အကြောင်းပြချက်တစ်ခုကြောင့် ဒီမှာ ရှိမနေပါဘူး။ ဒါပေမဲ့ သူဟာ မန်စီးတီး ပွဲမှာကစားနိုင်မှာပါ။ ဗန်ဒိုက် ကစားနိုင် မှာဖြစ်သလို ဟန်ဒါဆန်လည်း ကစား နိုင်မှာပါ''ဟု ပြောကြားခဲ့သည်။ လီဗာပူး အခြားကစားသမားများဖြစ်သော မာတစ်၊ ရှာကီရီနှင့် ကလိုင်နီတို့မှာ ဒဏ်ရာကြောင့် မန်စီးတီးပွဲလွဲမည်ဖြစ်သည်။ မန်စီးတီးမှာ အင်အားတောင့်တင်းနေဆဲဖြစ်ကြောင်း လီဗာပူးနည်းပြကလော့ပ်က တစ်ဆက် တည်း ပြောခဲ့သည်။



ဖတ်ရှုမှုအများဆုံး