ဘိုင်ယန်မြူးနစ်သည် နိုဝင်ဘာ ၉ ရက်က အိမ်ကွင်းတွင် ပြိုင်ဘက် ကောင်း ဒေါ့မွန်နှင့်ကစားခဲ့ရာ အဆုံး သတ်အားကောင်းခဲ့၍ လေးဂိုးပြတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
နှစ် သင်းစလုံးတွင် အဓိကကစားသမား များအစုံအလင်ပါဝင်လာခဲ့ပြီး ဘိုင်ယန် မှာ ဒေါ့မွန်ထက် ဖိဖိစီးစီးပိုကစားနိုင် ခဲ့သည်။ ဘိုင်ယန်အတွက် အဖွင့်ဂိုးကို လီဝမ်ဒေါ့စကီးက ပွဲချိန် ၁၇ မိနစ်တွင် သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ဂါနာဘရီက ၄၇ မိနစ်တွင်သွင်းယူခဲ့သည်။
လီဝမ် ဒေါ့စကီးသည် ၇၆ မိနစ်တွင် တတိယ ဂိုးသွင်းယူခဲ့ပြီး ဘိုင်ယန်မှာမိနစ် ၈ဝ ၌ လက်ဆောင်ဂိုးရခဲ့၍ ပရိသတ် ခုနစ် သောင်းခွဲရှေ့မှောက် ဂိုးပြတ်အောင်ပွဲ ခံနိုင်ခဲ့သည်။
ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါ့ စကီးသည် ဂတ်မူလာ၏ ၅၁ နှစ်ကြာ တင်ရှိထားသောဂိုးစံချိန်ကို ကျော်ဖြတ် နိုင်ခဲ့သည်။ ဂတ်မူလာသည် လွန်ခဲ့သည့် ၅၁ နှစ်က ဘွန်ဒက်လီဂါ ကနဦး ၁၁ ပွဲတွင် ၁၅ ဂိုးသွင်းယူထားရာ ယခုအခါ လီဝမ်ဒေါ့စကီးက ၁၆ ဂိုးသွင်းယူခဲ့၍ စံချိန်တစ်ရပ်ချိုးဖျက်ခဲ့ခြင်းဖြစ်သည်။
ဂျာမနီကစားသမား မူလာမှာ ဒေါ့မွန် ပွဲ၌ ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်နိုင်ခဲ့၍ ဘွန်ဒက်လီဂါတွင် ဂိုးဖန်တီးမှုအကြိမ် (၁ဝဝ)ပြုလုပ်နိုင်သော ပထမဆုံးကစား သမားအဖြစ် စံချိန်မှတ်တမ်းပိုင်ဆိုင် ခဲ့သည်။
ဘိုင်ယန်ကစားသမားဟောင်း ရီဘာရီမှာ ဂိုးဖန်တီးမှု (၉၂)ကြိမ်ပြု လုပ်ထားပြီး ဒုတိယလိုက်ကာ စတုဂတ် ၌ကစားနေသော ကက်စထရိုမှာ ဂိုးဖန် တီးမှု တတိယအများဆုံးဖြစ်သည်။















