ပွတ်စကတ်၏ လာလီဂါဂိုးစံချိန် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာ ချိုးဖျက်

ပွတ်စကတ်၏ လာလီဂါဂိုးစံချိန် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာ ချိုးဖျက်

ရီရဲလ်မက်ဒရစ် အဓိကတိုက်စစ်မှူး ဘန်ဇီမာသည် အီဘာအား လေးဂိုး ပြတ်အနိုင်ရခဲ့သည့်ပွဲတွင် အသင်း အတွက် နှစ်ဂိုးသွင်းယူနိုင်ခဲ့၍ ရီးရဲလ် ဂန္ထဝင်ကစားသမားဟောင်း ပွတ် စကတ်၏ လာလီဂါဂိုးစံချိန်ကို ကျော် ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

ရီးရဲလ် မက်ဒရစ်သည် အီဘာကွင်းတွင် ဖိအား ပေးကစားနိုင်ခဲ့ပြီး ပထမပိုင်း၌ပင် သုံးဂိုပြတ်အနိုင်ရခဲ့သည်။ ဘန်ဇီမာ သည် ပွဲချိန် ၁၇ မိနစ်တွင် ဦးဆောင် ဂိုးသွင်းယူပြီး ရာမို့စ်က မိနစ် ၂ဝ တွင် ပင်နယ်တီမှ ဒုတိယဂိုးသွင်းယူ ခဲ့သည်။ ဘန်ဇီမာသည် ၂၉ မိနစ်တွင် ပင်နယ်တီမှ တတိယဂိုးသွင်းယူခဲ့ပြီး ရီးရဲလ်အတွက် အပိတ်ဂိုးကို ဗယ်ဘာ ဒီက ၆၁ မိနစ်တွင် သွင်းယူခဲ့သည်။

ပြင်သစ်တိုက်စစ်မှူးဘန်ဇီမာသည် လာလီဂါသွင်းဂိုး ၁၅၇ ဂိုးအထိသွင်း ယူနိုင်ခဲ့ပြီဖြစ်၍ ရီးရဲလ်ဂိုးသွင်းအများ ဆုံးကစားသမားစာရင်းတွင် ပွတ် စကတ်ထက် တစ်ဂိုးပိုသာကာ အဆင့် (၆)နေရာသို့ရောက်လာခဲ့သည်။ ဘန် ဇီမာသည် ၂ဝဝ၉ ခုနှစ်မှ လက်ရှိအချိန် အထိ လာလီဂါ ၃၂၃ ပွဲကစားခဲ့ရာ ဂိုး ၁၅ဝ ကျော်သွင်းနိုင်ခဲ့သည်။

ရီးရဲလ်ဂိုးသွင်းအများဆုံး အဆင့် (၅)နေရာတွင် မက္ကဆီကိုဂန္ထဝင်ကစား သမားဟောင်း ဟူဂိုဆန်းချက်ဇ်က ၁၆၄ ဂိုးဖြင့်ရပ်တည်နေသည်။ ရီးရဲလ် မက်ဒရစ် ဂိုးသွင်းအများဆုံးကစား သမားမှာ ပေါ်တူဂီတိုက်စစ်မှူး စီရို နယ်ဒိုဖြစ်ပြီး ပြိုင်ပွဲစုံ ၄၃၈ ပွဲကစား ခဲ့ရာ ဂိုး ၄၅ဝ သွင်းယူထားသည်။



ဖတ်ရှုမှုအများဆုံး