ကစားသမားဘဝ ဖရီးကစ် (၅၂)ကြိမ်နှင့် ဟက်ထရစ် (၅၂)ကြိမ် မက်ဆီရယူထား

ကစားသမားဘဝ ဖရီးကစ် (၅၂)ကြိမ်နှင့် ဟက်ထရစ် (၅၂)ကြိမ် မက်ဆီရယူထား

ဘာစီလိုနာသည် နိုဝင်ဘာ ၉ ရက်က အိမ်ကွင်းတွင် လာလီဂါ ပွဲစဉ် (၁၃)အဖြစ် ဆယ်တာဗီဂိုနှင့်ကစား ခဲ့ရာ အဓိကတိုက်စစ်မှူး မက်ဆီ၏ ဟက်ထရစ်အပါအဝင် လေးဂိုး တစ်ဂိုး ဖြင့် ဂိုးပြတ်အနိုင်ရခဲ့ကြောင်း သိရ သည်။

ဘာစီလိုနာနှင့် ဆယ်တာဗီဂို တို့၏ပွဲကို ပရိသတ်ခုနစ်သောင်းကျော် လာရောက်ကြည့်ရှုခဲ့ပြီး မက်ဆီမှာ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ သည်။ မက်ဆီသည် ပွဲချိန် ၂၃ မိနစ် တွင် ပင်နယ်တီမှတစ်ဆင့် အသင်း အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။

ဆယ်တာဗီဂိုသည် ၄၂ မိနစ်တွင် ချေပဂိုးပြန်ရခဲ့သော်လည်း ဘာစီလို နာအတွက် ဒုတိယဂိုးကို မက်ဆီက ပထမပိုင်းပြီးလုချိန်တွင် ဖရီးကစ်မှ တစ်ဆင့်သွင်းယူခဲ့သည်။

မက်ဆီသည် ဒုတိယပိုင်း ပွဲချိန် ၄၈ မိနစ်တွင် ဖရီးကစ်မှပင် ဘာစီ လိုနာအတွက် တတိယဂိုးသွင်းယူခဲ့ သည်။ ဘာစီလိုနာအတွက် စတုတ္ထဂိုး ကို ဘက်စကွက်စ်က ပွဲချိန် ၈၅ မိနစ် တွင်သွင်းယူခဲ့၍ ဘာစီလိုနာမှာ အိမ် ကွင်းဂိုးပြတ်နိုင်ပွဲရရှိခဲ့သည်။

အကောင်းဆုံးခြေစွမ်းပြခဲ့သော မက်ဆီသည် ဆယ်တာဗီဂိုပွဲတွင် ဟက် ထရစ်ရခဲ့၍ ၎င်း၏ လာလီဂါဟက် ထရစ်မှာ (၃၄)ကြိမ်အထိရှိလာခဲ့ပြီး စီရိုနယ်ဒို၏ လာလီဂါဟက်ထရစ် စံချိန်ကိုလိုက်မီနိုင်ခဲ့သည်။ စီရိုနယ်ဒို သည် ရီးရဲလ်၌ကစားခဲ့စဉ် လာလီဂါ ၂၈၈ ပွဲ၌ ဟက်ထရစ် (၃၄)ကြိမ်ရရှိ ခဲ့ပြီး မက်ဆီမှာ လာလီဂါ ၄၅၉ ပွဲတွင် ဟက်ထရစ်(၃၄)ကြိမ်ရရှိခဲ့သည်။

မက်ဆီသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝတွင် ဖရီးကစ် (၅၂) ကြိမ်ရရှိခဲ့ပြီး ၎င်း၏ဟက်ထရစ်အကြိမ် အရေအတွက်မှာလည်း (၅၂)ကြိမ် ဖြစ်ကြောင်း သိရသည်။



ဖတ်ရှုမှုအများဆုံး