နည်းပြအမ်မရီအား ထုတ်ပယ်ရန် အာဆင်နယ်ပရိသတ်များတောင်းဆို စိတ်ရှည်ရန်လိုအပ်ကြောင်း လက်စတာရှုံးပွဲအပြီး အမ်မရီပြော

နည်းပြအမ်မရီအား ထုတ်ပယ်ရန် အာဆင်နယ်ပရိသတ်များတောင်းဆို စိတ်ရှည်ရန်လိုအပ်ကြောင်း လက်စတာရှုံးပွဲအပြီး အမ်မရီပြော

အာဆင်နယ်အသင်းသည် နိုဝင်ဘာ ၉ ရက်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၂)အဖြစ် လက်စတာကွင်းတွင် သွားရောက်ကစားခဲ့ရာ ဒုတိယပိုင်းဂိုးများကြောင့် နှစ်ဂိုးပြတ်ရှုံးနိမ့် ခဲ့ပြီး ဖိအားပိုများလာခဲ့သည်။

လက်စတာ သည် အိမ်ကွင်းပရိသတ်ရှေ့မှောက် အား ကြိုးမာန်တက်ကစားခဲ့ပြီး ဒုတိယပိုင်း၌ဂိုးများ သွင်းယူနိုင်ကာ အာဆင်နယ်မှာ ချေပဂိုး တစ်ဂိုးပင် မရခဲ့ပေ။ လက်စတာအတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူးဗာဒီက ၆၈ မိနစ်တွင်သွင်းယူခဲ့ပြီး ဒုတိယဂိုးကို မက်ဒီ ဆင်က ၇၅ မိနစ်၌သွင်းယူခဲ့သည်။

အာဆင်နယ်သည် နောက်ဆုံးကစား ခဲ့သောငါးပွဲဆက်တိုက် အနိုင်ပျောက်ခဲ့ရာ ပရိသတ်များက နည်းပြအမ်မရီအား ရာထူးမှ ထုတ်ပယ်ရန်တောင်းဆိုခဲ့ကြသည်။ နည်းပြ အမ်မရီ၏ အာဆင်နယ်နည်းပြဘဝအစော ပိုင်း ပရီးမီးယားလိဂ်ပွဲ ၅ဝ ရလဒ်မှာ နည်းပြ ဟောင်းအာစင်ဝင်းဂါး၏ နောက်ဆုံးပရီး မီးယားလိဂ်ရလဒ်ထက် အခြေအနေဆိုးခဲ့ သည်။ ဝင်းဂါးသည် နောက်ဆုံးပရီးမီးယား လိဂ်ပွဲ ၅ဝ နည်းပြခဲ့ရာ ၂၇ ပွဲနိုင်၊ ၁၆ ပွဲ ရှုံးခဲ့ပြီး ၈၈ မှတ်ပိုင်ဆိုင်ခဲ့သည်။ အမ်မရီမှာ ပွဲ ၅ဝ တွင် ၂၅ ပွဲနိုင်၊ ၁၃ ပွဲရှုံးနိမ့်ကာ ၈၇ မှတ်သာစုဆောင်းနိုင်ခဲ့သည်။

အာဆင်နယ် ပရိသတ်တစ်ဦးက ''အသင်းကို အမ်မရီကိုင်တွယ်နေတာက ၁၅ လရှိခဲ့ပြီ။ အပြောင်းအရွှေ့မှာလည်း ပေါင်သန်း ၁၂ဝ ကျော်သုံးခဲ့တယ်။ အခု ပရီးမီးယားလိဂ်မှာ အခြေအနေမကောင်း ဘူး။ ထိပ်ဆုံးလေးသင်းနဲ့ အမှတ် တွေကွာနေတယ်။ အခုအချိန် အထိကို အကောင်းဆုံးလူ စာရင်းပွဲထွက်ဖို့ သူမသိဘူး။ မြန်မြန်ထုတ်လိုက်တော့''ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ဝင်းဂါး၏ စံချိန် ထက် အခြေအနေဆိုး နေရာ အမ်မရီက ''ကျွန်တော်တို့ အချိန်တစ် ခုလိုအပ်ပါတယ်။ စိတ်ရှည်ဖို့လည်းလိုပါ တယ်။ တောင်းဆိုမှုများတယ်ဆိုတာလည်း သိပါတယ်။ ဝေဖန်မှုတွေအားလုံးကို လက်ခံ ရမယ်။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ ကျွန်တော် ခဏခဏပြောလေ့ရှိလေ့အတိုင်း ပါပဲ။ ဖိအားတစ်စုံတစ်ရာမရှိ ပါဘူး''ဟု လက်စတာနှင့် ပွဲအပြီး ပြန်လည်တုံ့ပြန် ပြောဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး