အေစီမီလန်ပွဲ၌ လူစားလဲခံရ၍ တိုက်စစ်မှူး စီရိုနယ်ဒို ဒေါသပေါက်ကွဲ ပွဲမပြီးခင် သုံးမိနစ်အလို ကွင်းအတွင်းမှ ပြန်သွားဟုသိရ

အေစီမီလန်ပွဲ၌ လူစားလဲခံရ၍ တိုက်စစ်မှူး စီရိုနယ်ဒို ဒေါသပေါက်ကွဲ ပွဲမပြီးခင် သုံးမိနစ်အလို ကွင်းအတွင်းမှ ပြန်သွားဟုသိရ

ဂျူဗင်တပ်စ် အဓိကတိုက်စစ်မှူး စီရိုနယ်ဒိုသည် အေစီမီလန်အား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သောပွဲတွင် လူစား လဲခံခဲ့ရ၍ ဒေါသပေါက်ကွဲခဲ့ပြီး ပွဲမပြီးခင် သုံးမိနစ်အလို ကွင်းအတွင်းမှ ပြန်သွားဟု အီတလီသတင်းများက ဖော်ပြခဲ့သည်။

အသက်(၃၄)နှစ်အရွယ် တိုက်စစ်မှူး စီရိုနယ်ဒိုသည် အေစီမီလန်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့သူ ဖြစ်ပြီး ပွဲချိန် ၅၅ မိနစ်၌ အာဂျင်တီး နားတိုက်စစ်မှူး ဒိုင်ဘာလာနှင့် လူစား လဲခြင်း ခံခဲ့ရသည်။

လူစားလဲ ခံခဲ့ရစဉ် စီရိုနယ်ဒိုမှာ မကျေမနပ်ဖြစ်ခဲ့ပြီး အသင်းနည်းပြ ဆာရီကိုလည်း စကားအချို့ပြောဆိုကာ အဝတ်လဲခန်းထဲသို့ ချက်ချင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဂျူဗင်တပ်စ်နည်းပြ ဆာရီ သည် လိုကိုမိုးတစ်အား နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင် ရခဲ့သည့် ချန်ပီယံလိဂ် ပွဲတွင်လည်း စီရိုနယ်ဒို အား လူစားလဲခဲ့သည်။

စီရိုနယ်ဒိုသည် ယခုနှစ် ဘောလုံးရာသီ တွင် ြွကက်သားဒဏ်ရာ ကြောင့် အသင်းကစား ခဲ့သော စီးရီးအေပွဲ နှစ်ပွဲ လွဲချော်ခဲ့ပြီးဖြစ် သည်။ စီရိုနယ်ဒိုသည် ယခုနှစ် အသင်းအ တွက် ၁၄ ပွဲ ကစား ထားရာ ခြောက်ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ထားသည်။

စီရိုနယ်ဒိုသည် ပွဲအပြီးထိမစောင့် ဘဲ ဘောလုံးကွင်းမှ ပြန်သွားခဲ့သည့်အပေါ် နည်းပြဆာရီက ပေါ်တူဂီသားနှင့် ပြဿနာတစ်စုံတစ်ရာ မရှိကြောင်း၊ အကယ်၍ စောပြန်ခဲ့ပါက စီရိုနယ်ဒိုမှာ ကစား ဖော်များနှင့် ပြေလည်အောင်ဖြေရှင်းရမည်ဟု ပြောဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး