မွေးနေ့၌ ဒန်နီရယ်ဂျိမ်းစ် ပျော်ရွှင်နေမည်ဟု ဆိုးလ်ရှားပြောကြား

မွေးနေ့၌ ဒန်နီရယ်ဂျိမ်းစ် ပျော်ရွှင်နေမည်ဟု ဆိုးလ်ရှားပြောကြား

ဘရိုက်တန်အား သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲတွင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သော ဝေးလ် တောင်ပံကစားသမား ဒန်နီရယ် ဂျိမ်းစ်မှာ မွေးနေ့၌ပျော်ရွှင်နေမည်ဖြစ်ကြောင်း မန်ယူအသင်းနည်းပြဆိုးလ်ရှားက ပြောကြားခဲ့သည်။

ဒန်နီရယ်ဂျိမ်းစ်သည် ၎င်း၏ (၂၂)နှစ်ပြည့်မွေးနေ့တွင် ဘရိုက်တန်ပွဲ ဝင်ရောက်ကစားခဲ့ခြင်းဖြစ်ပြီး ခြေစွမ်းပြခဲ့ သည်။ မန်ယူသည် ဘရိုက်တန်ပွဲ၌ ပုံစံကောင်းဖြင့် ကစားနိုင်ခဲ့ပြီး အဆုံးသတ်အားကောင်း ခဲ့ပါက ယခုထက်ပို၍ ဂိုးပြတ်အနိုင်ရမည်ဖြစ်သည်။ မန်ယူသည် ပထမပိုင်းအပြီး နှစ်ဂိုးပြတ် ဦးဆောင်ကာ အဖွင့်ဂိုးကို ပါရီယာက ၁၇ မိနစ်တွင်သွင်းယူခဲ့ကာ ၁၉ မိနစ်၌ လက်ဆောင်ဂိုး ရရှိခဲ့ခြင်းဖြစ်သည်။

ဘရိုက်တန်မှာ ပွဲချိန် ၆၄ မိနစ်တွင် ချေပဂိုးတစ်ဂိုး ပြန်ရခဲ့သော်လည်း တိုက်စစ်မှူး ရက် ဖို့ဒ်က ၆၆ မိနစ်၌ သွင်းယူခဲ့၍ ဂိုးပြတ်နိုင်ခဲ့သည်။

နည်းပြ ဆိုးလ်ရှားက "ဒန်နီရယ်ဂျိမ်းစ်က ကွင်းတွင်း ကွင်းပြင် ဘာမှပြောစရာမလိုဘဲ သူ့ရဲ့ သက်ရောက်မှုကောင်းတယ်။ သူဟာ ကွင်း ထဲမှာ အသင်းအတွက် အကျိုးပြုနေပါတယ်။ သူ့အနေနဲ့ ဆက်လက်ပြီး အကောင်းဆုံး ကစားနိုင်ဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ သူ့ရဲ့မွေးနေ့မှာ တော်တော်လေးပျော်နေမယ် လို့ ကျွန်တော်ထင်တယ်"ဟု ပြောကြားခဲ့သည်။

ဒန်နီရယ်ဂျိမ်းက ၎င်းတို့ အသင်းအနေဖြင့် ဘရိုက်တန်အသင်းအား ခုနစ်ဂိုး၊ ရှစ်ဂိုးအထိ သွင်းနိုင်ခဲ့သင့်ကြောင်း ပြောကြားခဲ့သည်။

မန်ယူသည် ပွဲစဉ် (၁၂)အပြီး လေးပွဲနိုင်၊ လေးပွဲသရေ၊ လေးပွဲရှုံး ၁၆ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ခုနစ်နေရာတွင် ရပ်တည်နေ သည်။



ဖတ်ရှုမှုအများဆုံး