ပြိုင်ဘက်နည်းပြကို ခပ်ကြမ်းကြမ်းဆောင့်တွန်းခဲ့တဲ့ ဖရန့်ဖတ်အသင်းခေါင်းဆောင် အနီကတ်ပြ အထုတ်ခံရ

ပြိုင်ဘက်နည်းပြကို ခပ်ကြမ်းကြမ်းဆောင့်တွန်းခဲ့တဲ့ ဖရန့်ဖတ်အသင်းခေါင်းဆောင် အနီကတ်ပြ အထုတ်ခံရ

ဘွန်ဒက်လီဂါကလပ် ဖရန့်ဖတ် အသင်းခေါင်းဆောင် ဒေးဗစ်အေဗရာ ဟမ်ဟာ ဖရိုင်းဘတ်နည်းပြ စထရီရစ်ချ် ကို ရည်ရွယ်ချက်ရှိရှိ အရှိန်နဲ့ ဆောင့် တွန်းခဲ့တာကြောင့် အနီကတ်ပြအထုတ် ခံခဲ့ရကြောင်း သိရပါတယ်။

ဖရိုင်းဘတ်နဲ့ ဖရန့်ဖတ်ဟာ နိုဝင် ဘာ ၁၀ ရက်က ဘွန်ဒက်လီဂါပွဲအဖြစ် ကစားခဲ့ကြပြီး အိမ်ရှင်ဖရိုင်းဘတ်က တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ဖရန့် ဖတ်ကစားသမား ဖာနန်ဒက်စ်ဟာ ပထမပိုင်း ပြီးလုချိန်မှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဖရိုင်းဘတ် ကစားသမားတစ်ဦး အသာရခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပြိုင်ဆိုင်မှု ပို ပြင်းထန်ခဲ့ပြီး ပွဲအရှိန်မြင့်လာခဲ့ပါတယ်။ ပွဲပြီးခါနီးအချိန်မှာတော့ ဖရန့်ဖတ်အ သင်းခေါင်းဆောင် အေဗရာဟမ်ဟာ ကွင်းပြင်ထွက်သွားတဲ့ ဘောလုံးကို လိုက်ကောက်ဖို့ ပြေးလာခဲ့ရာမှာ ကွင်း စည်းဘေးနား ရပ်နေတဲ့ ဖရိုင်းဘတ် နည်းပြ စထရီရစ်ချ်ကို ခပ်ကြမ်းကြမ်း ဆောင့်တွန်းလိုက်ပါတယ်။ အေဗရာ ဟမ်ရဲ့ ဆောင့်တွန်းချက် ပြင်းထန်တာ ကြောင့် အသက်(၅၄)နှစ်အရွယ် နည်းပြ စထရီရစ်ချ်ဟာ ပစ်လဲကျခဲ့ပါတယ်။

နည်းပြစထရီရစ်ချ် ပစ်လဲကျ သွားပြီးနောက် ဖရိုင်းဘတ် နည်းပြအ ဖွဲ့ဝင်တွေနဲ့ အရန်ခုံမှာထိုင်နေတဲ့ က စားသမားများ ထလာပြီး အေဗရာဟမ် နဲ့ ရင်ဆိုင်အတွေ့ ရုတ်ရုတ်သဲသဲဖြစ် ခဲ့ကြပါတယ်။ ကွင်းလယ်ဒိုင်က အေ ဗရာဟမ်ကို အနီကတ်ပြ ထုတ်ပယ် ခဲ့ပြီး ဒေါသပေါက်ကွဲခဲ့တဲ့ ဖရိုင်းဘတ် ကစားသမား ဂရီဖိုနဲ့ ဖရိုင်းဘတ်လက် ထောက်နည်းပြတို့ကိုလည်း အနီကတ် နဲ့ အဝါကတ် ပြခဲ့ရပါတယ်။

အေဗရာဟမ်ဟာ ဒေါသထွက်နေ ပေမယ့် အခုလိုမျိုး မဖြစ်သင့်ဘူးလို့ ဖရန့်ဖတ် အားကစာဒါရိုက်တာက ပြော ပါတယ်။



ဖတ်ရှုမှုအများဆုံး