လယ်ဝေးမြို့တွင် အရိုးကျနေပြီဖြစ်သည့် လူသေအလောင်းတွေ့ရှိ

လယ်ဝေးမြို့တွင် အရိုးကျနေပြီဖြစ်သည့် လူသေအလောင်းတွေ့ရှိ

လယ်ဝေးမြို့နယ် ကြောင်ရေကျေးရွာအုပ်စု ရာဇသင်္ဂဟလမ်း မိုင်တိုင်အမှတ် ၁၂/၆အရှေ့ဘက် တစ်မိုင်ခန့်တွင် အရိုးကျနေပြီဖြစ် သည့် လူသေအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၀ရက် မွန်းတည့် ၁၂ နာရီခန့်က အေလာနယ်မြေရဲစခန်းမှ ဒုရဲအုပ်မြတ်မင်း တာဝန်မှူးအဖြစ် ထမ်းဆောင်နေစဉ် လယ်ဝေးမြို့နယ် ကြောင်ရေကျေးရွာအုပ်စု ရာဇသင်္ဂဟ လမ်းမိုင်တိုင်အမှတ် ၁၂/၆ အရှေ့ဘက်တစ်မိုင်ခန့်တွင် အရိုးကျနေပြီဖြစ်သည့် လူသေအလောင်း တစ်လောင်းတွေ့ရှိကြောင်း အကြောင်းကြားလာသဖြင့် အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ သေဆုံးသူသည် သဲကောကြီးကျေးရွာနေ ခွေးကျော်(ခ)ဖိုးကျော်ဖြစ်ကြောင်း သေဆုံးသူ၏ ညီဝမ်းကွဲတော်စပ်သူ ကြောင် ရေကျေးရွာမှ ကိုသန်းမြတ်စိုးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က အတည်ပြုခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် အရက်အလွန် အကျွံသောက်လေ့ရှိပြီး စိတ်မနှံ့သူ ဖြစ်ကြောင်း သိရှိရကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ်စစ်ဆေး နိုင်ရန်အတွက် သေဆုံးသူ၏ ရုပ်အလောင်းကို နေပြည်တော် (ခုတင် ၁၀ဝ၀) ဆေးရုံသို့ပို့ဆောင်ခဲ့သည်ဟု သိရသည်။

အမှုနှင့်ပတ်သက်၍ အေလာနယ် မြေရဲစခန်းက သေမှုသေခင်းအမှတ် စဉ် (၆/၂၀၁၉)ဖြင့် အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ်ကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အေလာသား



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး