ဘရာဇီး လက်ရွေးစင် အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားက အာဂျင်တီးနားနှင့် ကစားရမည့် ခြေစမ်းပွဲတွင် တိုက်စစ်မှူး မက်ဆီအား ကြောက်ရွံ့နေမည် မဟုတ် ကြောင်း သတင်းထောက်များနှင့် တွေ့ ဆုံခဲ့ရာ၌ ပြောကြားခဲ့သည်။
ဘရာဇီးနှင့် အာဂျင်တီးနားတို့သည် တောင်အမေရိက အင်အားကြီးအသင်းများဖြစ်ပြီး ခြေစမ်းပွဲဆိုသော်လည်း အစဉ် အလာပြိုင်ဘက်များဖြစ်နေ၍ ပွဲကောင်းမည်ဖြစ်သည်။ ဘရာ ဇီးနှင့် အာဂျင်တီးနားတို့၏ ခြေစမ်းပွဲကို နိုဝင်ဘာ ၁၅ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ကစားရန် စီစဉ်ထားသည်။
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ကိုပါအမေရိကပြိုင်ပွဲ အားဝေဖန်ခဲ့၍ သုံးလပွဲပယ်ခံရပြီးနောက် အာဂျင်တီးနား ကစားသမား စာရင်းတွင် ပထမဆုံးပြန်လည်ပါဝင်ကာ ဘရာဇီးအား ရင်ဆိုင်မည်ဖြစ်သည်။ ဘရာဇီးအသင်း၌မူ ဒဏ်ရာရနေသော တိုက်စစ်မှူး နေမာပါဝင်နိုင်မည်မဟုတ်ပေ။ ဘရာဇီးသည် ယခုနှစ် ကိုပါအမေရိက ဆီမီးဖိုင်နယ်တွင် အာဂျင်တီးနားကို နှစ်ဂိုးပြတ် အနိုင်ကစား ခဲ့သည်။
ဆေးလ်ဗားက "ကျွန်တော်တို့အနေနဲ့ မက်ဆီကို ကြောက်နေမှာ မဟုတ်ဘူး။ သူနဲ့ ရင်ဆိုင်ရတာကိုပဲ ဂုဏ်ယူပါတယ်။ အာဂျင်တီး နားမှာ စတားကစားသမားတွေ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဒဏ်ရာရနေတဲ့ နေမာမပါဘူး။ ဘာပဲဖြစ်ဖြစ် ဘရာဇီးက ဘရာဇီးပါ။ ကျွန်တော်တို့ ကိုပါ အမေရိကပြိုင်ပွဲမှာ လုပ်ပြနိုင် ခဲ့ပါတယ်"ဟု ပြောကြား ခဲ့သည်။















