ဒဏ်ရာကြောင့် မတ်တွန်မီနေး တစ်လခန့်နားရမည်ကို မန်ယူအသင်း စိုးရိမ်နေ

ဒဏ်ရာကြောင့် မတ်တွန်မီနေး တစ်လခန့်နားရမည်ကို မန်ယူအသင်း စိုးရိမ်နေ

အသင်းအတွက် ကစားခွင့်ရသည့်ပွဲများ၌ အကောင်းဆုံး ကစားပေးနေ သော စကော့တလန် ကွင်းလယ်လူ မတ်တွန်မီနေးမှာ ခြေချင်းဝတ်ဒဏ်ရာ ကြောင့် တစ်လခန့် အနားယူရမည်ကို မန်ယူအသင်းက စိုးရိမ်နေသည်။

(၂၂)နှစ်အရွယ် မတ်တွန်မီနေးသည် ဘရိုက်တန်အား သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ပွဲပြီးလုချိန်၌ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့သူဖြစ်သည်။ မတ်တွန်မီနေးသည် ဘရိုက်တန်ပွဲ မကစားမီကြားရက်က ပါတီဇန်နှင့် ကစား ခဲ့သည့် ယူရိုပါလိဂ်အုပ်စုပွဲ၌လည်း ခြေထောက်ဒဏ်ရာရရှိခဲ့သည်။

မတ်တွန်မီနေး၏ဒဏ်ရာကို ကနဦးစကန်ဖတ်စစ်ဆေးမှုများအရ လာမည့် ဒီဇင်ဘာလလယ်တိုင်အောင် အနားယူရဖွယ်ရှိနေကြောင်း သတင်းများထွက် ပေါ်နေသည်။ မတ်တွန်မီနေး၏ ခြေချင်းဝတ်ဒဏ်ရာကို လာမည့် သုံးရက် အတွင်း ဒုတိယအကြိမ်မြောက် စစ်ဆေးမှုများ ပြုလုပ်ရဦးမည်ဖြစ်သည်။

မတ်တွန်မီနေးမှာ အသင်းအတွက် အားကိုးရသည့် ကစားသမားဖြစ်နေ၍ တစ်လခန့်အနားယူရမည်ကို မန်ယူတာဝန်ရှိသူများက စိုးရိမ်နေခြင်းဖြစ်ကြောင်း မက်ထရိုက ရေးသားခဲ့သည်။

မတ်တွန်မီနေးသည် ဒဏ်ရာကြောင့် တစ်လခန့် နားရပါက ရှက်ဖီးယူနိုက် တက်၊ ဗီလာ၊ အက်စတာနာ၊ စပါးနှင့် မန်စီးတီးပွဲများကို လွဲချော်မည်ဖြစ်သည်။ မန်ယူ အဓိကကွင်းလယ်လူတစ်ဦးဖြစ်သော ပေါ့ဘာမှာ ဒဏ်ရာသက်သာ လာ၍ မကြာခင်အချိန်အတွင်း ပြန်ကစားပေးနိုင်မည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး