အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် တာဝန် ရှိသူများသည် စိန့်ဂျော့ပါခ်ရှိ လေ့ကျင့် ရေးကွင်း ကန်တင်းတွင် အချင်းများခဲ့ကြသည့် စတာလင်းနှင့် ဂျိုးဂိုမက်ဇ် တို့၏ဖြစ်ရပ်ကို သုံးသပ်ခဲ့ပြီးနောက် မန်စီးတီး တောင်ပံတိုက်စစ်မှူး စတာလင်းအား မွန်တီနီဂရိုးနှင့် ၂၀၂၀ ယူရိုခြေစစ်ပွဲတွင် အသုံးပြုတော့မည် မဟုတ်ကြောင်း သိရသည်။
အင်္ဂလန် ကစားသမားအချင်းချင်းဖြစ်သော်လည်း စတာလင်းနှင့် ဂိုမက်ဇ်တို့သည် အန် ဖီးလ်ကွင်း၌ ကစားခဲ့သည့်ပွဲတွင် ပွဲပြီး လုချိန်၌ အချင်းများခဲ့ပြီး ထိပ်တိုက် တွေ့ဆုံခဲ့ကြသည်။
လီဗာပူးနှင့် မန်စီးတီးပွဲတွင် ကစား ခဲ့ကြသော ကစားသမားနှစ်ဦးစလုံး သည် အင်္ဂလန်အသင်း လေ့ကျင့်ရေး ကွင်း၌ ထပ်မံငြိခဲ့ခြင်းဖြစ်သည်။ ဒေး လီးမေးလ်၏ဖော်ပြချက်အရ စတာ လင်းသည် ကန်တင်း၌ အတူရှိနေစဉ် ဂိုမက်ဇ်၏ လည်ပင်းကို ဆောင့်ဆွဲရန် ကြိုးစားခဲ့ကြောင်း သိရသည်။ စတာ လင်းသည် မွန်တီနီဂရိုးနှင့် ယူရို ၂၀၂၀ ခြေစစ်ပွဲတွင် ပါဝင်မည်မဟုတ် သော်လည်း အသင်းနှင့်အတူရှိနေမည် ဟု အက်ဖ်အေက အတည်ပြုခဲ့သည်။
(၂၄)နှစ်အရွယ် စတာလင်းသည် ယူရို ၂၀၂၀ ခြေစစ်ပွဲများ၌ ခြေစွမ်းပြ နေပြီး ရှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ငါးကြိမ်ပြုလုပ်ထားသည်။ အင်္ဂလန် လက်ရွေးစင်အသင်းသည် ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စုခြောက်ပွဲကစားပြီးချိန် ငါးပွဲနိုင်၊ တစ်ပွဲရှုံး ၁၅ မှတ်ဖြင့် အုပ်စု ထိပ်တွင် ရပ်တည်နေသည်။















