ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၉ ဖီဖာယူ–၁၇ ကမ္ဘာ့ ဖလားပြိုင်ပွဲဟာ ဆီမီး ဖိုင်နယ်အဆင့်ထိ ရောက်ရှိလာခဲ့ပြီး ဆီ မီးပွဲတွေကို နိုဝင်ဘာ ၁၄ ရက်မှာ ကစားမှာ ပါ။ ဘရာဇီးက အိမ်ရှင် အဖြစ် ကျင်းပ နေတဲ့ ဒီနှစ် ပြိုင် ပွဲကို အောက်တိုဘာ ၂၆ ရက်ကနေ စတင် ကစားခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း ၂၄ သင်း ပါဝင်ခဲ့ကြပါတယ်။
ကွာတားဖိုင်နယ်ပွဲတွေကို နိုဝင် ဘာ ၁၀ ရက်နဲ့ ၁၁ ရက်မှာ ကစားခဲ့ကြ ပြီး အိမ်ရှင်ဘရာဇီး၊ ပြင်သစ်၊ နယ် သာလန်နဲ့ မက္ကဆီကိုအသင်းတို့ ဆီ မီးဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။
ဘရာဇီးဟာ ကွာတားဖိုင်နယ် မှာ အီတလီကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင် ရခဲ့ပြီး ပြင်သစ်က စပိန်ကို ခြောက် ဂိုး တစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အာရှ ကိုယ်စားပြု တောင်ကိုရီးယားဟာ ကွာ တားဖိုင်နယ်မှာ မက္ကဆီကိုကို တစ်ဂိုး ဂိုးမရှိနဲ့ အရှုံးပေးခဲ့ရပါတယ်။ နယ် သာလန်ကတော့ ပါရာဂွေးကို လေး ဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့လို့ ဆီမီးတက် လှမ်းခဲ့တာပါ။
ဆီမီးဖိုင်နယ်မှာ ဘရာဇီးက ပြင်သစ်နဲ့ တွေ့ဆုံနေပြီး နယ်သာလန် က မက္ကဆီကိုနဲ့ ကစားရမှာပါ။ ဗိုလ် လုပွဲနဲ့ တတိယလုပွဲကို နိုဝင်ဘာ ၁၇ ရက်မှာ ယှဉ်ပြိုင်ကြမှာပါ။ ၂၀၁၇ ဖီဖာ ယူ-–၁၇ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိန္ဒိယ နိုင်ငံမှာကျင်းပခဲ့ပြီး အင်္ဂလန်က ပထ မဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့ပါတယ်။
ဒီနှစ် အိမ်ရှင် ဘရာဇီးအသင်းဟာ ၂၀၁၇ နှစ်ပြိုင်ပွဲမှာ တတိယဆုရခဲ့ ပါတယ်။ ဖီဖာယူ-–၁၇ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းက ချန်ပီယံ ငါးကြိမ်ဖြစ်ခဲ့တဲ့ နိုင်ဂျီးရီး ယားအသင်း ဖြစ်ပါတယ်။















