အိမ်နီးချင်းညီအစ်ကိုနှစ်ဦးက ၁၀ နှစ်ကလေးကို အဓမ္မပြုကျင့်ရန်ကြံစည်

အိမ်နီးချင်းညီအစ်ကိုနှစ်ဦးက ၁၀ နှစ်ကလေးကို အဓမ္မပြုကျင့်ရန်ကြံစည်

လှိုင်သာယာမြို့နယ်တွင် အသက် ၁၀ နှစ်အရွယ်ကလေးငယ်ကို အိမ်နီးချင်းညီအစ်ကိုနှစ်ဦးက အဓမ္မပြုကျင့်ရန်ကြံစည်မှုအား သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ၁၂ရက် ညနေ ၄ နာရီတွင် လှိုင်သာယာမြို့နယ် ရေဥက္ကံကျေးရွာ၌ အသက် ၁၀ နှစ်အရွယ် မြေးဖြစ်သူ၏ ခန္ဓာကိုယ်အမူအရာပျက်နေသဖြင့် ၎င်း၏ အဘွားဖြစ်သူက မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းရာ နိုဝင်ဘာ ၁၀ ရက်တွင် အိမ်နီးချင်းနေသူ မောင်-----( ၁၅ နှစ်)က ကာတွန်းကားပြမည်ဟုပြောဆိုကာ ၄င်းနေထိုင်သည့် အခန်းအတွင်းသို့ ကလေးငယ်အား ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် လက်ဖြင့် မဖွယ်မရာပြုလုပ်ခဲ့ကြောင်း ကလေးငယ်က အဘွားဖြစ်သူကို ပြောပြခဲ့သည်။

ထို့ပြင်လွန်ခဲ့သည့် နှစ်ရက်ခန့်ကလည်း မောင်-----( ၁၅ နှစ်)ကအဓမ္မပြုကျင့်ရန်ကြံစည်ခဲ့ပြီး အဆိုပါနေ့ မတိုင်မီ တစ်ရက်ခန့်တွင် ၄င်း၏ ညီဖြစ်သူ မောင် ---- (၁၂ နှစ်)က အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ရာ မအောင်မြင်ခဲ့ကြောင်း ပြောပြသိရသဖြင့် မြေးဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြံစည်သူနှစ်ဦးအား အရေးယူပေးရန် တိုင်ကြားခဲ့သည်။

လှိုင်သာယာမြို့မရဲစခန်းက (ပ)၆၇၀၈/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၇/၃၇၆/၅၁၁ အရ အမှုဖွင့် အရေးယူထားသည်။