ပေါ်တူဂီလေ့ကျင့်ရေးအစီအစဉ်၌ ဒဏ်ရာပြဿနာမရှိဘဲ စီရိုနယ်ဒိုပါဝင်

ပေါ်တူဂီလေ့ကျင့်ရေးအစီအစဉ်၌ ဒဏ်ရာပြဿနာမရှိဘဲ စီရိုနယ်ဒိုပါဝင်

ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရိုနယ်ဒိုသည် ပေါ်တူဂီလက်ရွေးစင်အသင်း လေ့ကျင့်ခန်း အစီအစဉ်၌ ဒူးဒဏ်ရာ ပြဿနာတစ်စုံတစ်ရာ မရှိဘဲ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ကြောင်း သိရ သည်။

အသက် (၃၄) နှစ်အရွယ် တိုက်စစ်မှူး စီရိုနယ်ဒိုသည် အေစီမီလန်နှင့်ပွဲတွင် ပွဲချိန် ၅၅ မိနစ်၌ လူစားလဲခံခဲ့ရ၍ ဒေါသထွက်ခဲ့သူ ဖြစ်သည်။ စီရိုနယ်ဒိုသည် အေစီမီလန်နှင့် ပွဲမတိုင်မီ လိုကိုမိုးတစ်နှင့် ကစားခဲ့သည့်ချန်ပီ ယံလိဂ်အုပ်စုပွဲ၌လည်း လူစားလဲခြင်းခံခဲ့ရသူ ဖြစ်သည်။ နှစ်ပွဲဆက်တိုက် လူစားလဲခံခဲ့ရ ခြင်းမှာ စီရိုနယ်ဒိုအတွက် စိတ်ပျက်စရာဖြစ် ခဲ့ရသည်။

ဂျူဗင်တပ်စ်နည်းပြ ဆာရီက စီရိုနယ်ဒို မှာ ဒူးဒဏ်ရာပြဿနာရှိနေကြောင်း ပြောဆို ထားသည်။ သို့သော် စီရိုနယ်ဒိုသည် လစ္စဘွန်း မြို့ ဆင်ခြေဖုံးရှိ အိုရီရက်စ်၌ ပြုလုပ်ခဲ့သော ပေါ်တူဂီအသင်း လေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်နိုင်ခဲ့သည်။ စီရိုနယ်ဒို၏ အခြေအနေနှင့် ပတ်သက်၍ လက်ရွေးစင်ကစားဖော် ပါစီယန် စီယာက ယခုကဲ့သို့ ဖွင့်ဟခဲ့သည်။

"စီရိုနယ်ဒိုကို ကြည့်ရတာ ဒဏ်ရာပြဿနာ မရှိတဲ့ပုံစံပါ။ အရေးကြီးဆုံးက အသင်းနဲ့သူရှိ နေဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ စီရိုနယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေလို့ ပါ"ဟု ပါစီယန်စီယာက ပြောကြားခဲ့သည်။ ပေါ်တူဂီလက်ရွေးစင်အသင်းသည် ယနေ့တွင် အိမ်ကွင်း၌ ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် လစ် သူယေးနီးယားနှင့် ကစားရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး