ခြေချင်းဝတ်ဒဏ်ရာရနေသည့် ဆာလက်ချ် အီဂျစ်အသင်းအတွက် မကစားနိုင်

ခြေချင်းဝတ်ဒဏ်ရာရနေသည့် ဆာလက်ချ် အီဂျစ်အသင်းအတွက် မကစားနိုင်

လီဗာပူးအဓိကတိုက်စစ်မှူး ဆာ လက်ချ်သည် ခြေချင်းဝတ်ဒဏ်ရာ ရရှိနေသောကြောင့် အီဂျစ်လက်ရွေး စင်အသင်း ကစားရမည့် အာဖရိက နိုင်ငံများဖလား ခြေစစ်ပွဲ ကစားနိုင်မည် မဟုတ်ကြောင်း သိရသည်။

အသက် (၂၇) နှစ်အရွယ် ဆာလက်ချ်သည် မန်စီးတီးအား အနိုင်ရသည့်ပွဲတွင် ပွဲချိန် ၈၇ မိနစ်၌ လူစားလဲခြင်းခံခဲ့ရ သည်။ ဆာလက်ချ်သည် မန်စီးတီး ကစားသမား ဖာနန်ဒင်ဟို၏ ဖြတ်ထုတ် မှုကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

အီဂျစ်အသင်းက ထုတ်ပြန်ခဲ့ရာ၌ ဆာလက်ချ်မှာ ဒဏ်ရာကုသမှုခံယူရန် လိုအပ်နေကြောင်း ပါရှိခဲ့သည်။

ဒဏ်ရာရရှိနေသော ဆာလက်ချ် သည် အီဂျစ်အသင်းကစားရမည့် ကင်းညာ၊ ကိုမိုရော့စ်တို့နှင့် ခြေစစ်ပွဲ များကို လွဲချော်မည်ဖြစ်သည်။ ဆာ လက်ချ်သည် နိုဝင်ဘာ ၂၃ ရက်တွင် ကစားမည့် ပဲလေ့စ်ပွဲ၌ ပါဝင်ကစား နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး