ယခုရာသီ၌  အရန်ခုံထိုင်နေရ၍  ဝမ်းနည်းမိကြောင်း ဘာစီလိုနာ  ကွင်းလယ်လူ  ရာကီတစ်ရင်ဖွင့်

ယခုရာသီ၌  အရန်ခုံထိုင်နေရ၍  ဝမ်းနည်းမိကြောင်း ဘာစီလိုနာ  ကွင်းလယ်လူ  ရာကီတစ်ရင်ဖွင့်

ဘာစီလိုနာ ကွင်းလယ်လူ တစ်ဦး ဖြစ်သော ရာကီတစ်က ယခုနှစ်ရာသီ ၌ အရန်ခုံထိုင်နေရ၍ ဝမ်းနည်းမိ ကြောင်း အင်တာဗျူးတစ်ခုတွင် ရင်ဖွင့် ပြောကြားခဲ့သည်။ ခရိုအေးရှားကွင်း လယ်လူ ရာကီတစ်သည် ဘာစီလိုနာ ကွင်းလယ်၌ နေရာရခဲ့သူဖြစ်ပြီး အောင်မြင်မှုများလည်း ပိုင်ဆိုင်ခဲ့ သည်။

ဘာစီလိုနာသို့ နယ်သာလန် ကွင်းလယ်လူ ဒီဂျောင်ရောက်ရှိလာခဲ့ ပြီးနောက် ရာကီတစ်မှာ ပုံမှန်နေရာ ပျောက်ဆုံးခဲ့သည်။ ရာကီတစ်သည် ယခုနှစ် လာလီဂါ ခုနစ်ပွဲကစားခဲ့ရာ၌ တစ်ပွဲသာ ပွဲထွက်ခွင့်ရခဲ့သည်။

ရာကီတစ်သည် ချန်ပီယံလိဂ် ပြိုင်ပွဲ၌လည်း အရန်ခုံမှထ၍ သုံးပွဲ ကစားခွင့်ရခဲ့သည်။ ယခုနှစ်ရာသီ၌ ရာကီတစ်မှာ စုစုပေါင်း ၁၀ ပွဲကစား ပြီးချိန် ကိုးပွဲမှာ အရန်ခုံမှထ၍ ကစား ခဲ့ရခြင်းဖြစ်သည်။

၎င်းက"ပျော်ရွှင်မှု တစ်ခုက ဘာလဲ။ ဘောလုံးကစားရဖို့ ပါ။ ဒါကို ကျွန်တော်အမြဲပြောပါတယ်။ ကျွန်တော့်သမီးငယ်ရဲ့ အရုပ်ကို အဝေး မှာထားရင် သူဘယ်လိုခံစားရမလဲ။ ကျွန်တော် အဲဒီခံစားမှုဖြစ်နေတယ်။ ဘာကာက ကျွန်တော့်နားက ဘောလုံး ကိုယူသွားတယ်။ ဒါကြောင့် ကျွန်တော် ဝမ်းနည်းမိပါတယ်။ နည်းပြရဲ့ ဆုံးဖြတ် ချက်ကို ကျွန်တော်နားလည်သလို လေးစားမှုလည်းရှိပါတယ်။ ကျွန်တော့် အထင် ငါးနှစ်အတွင်း အများကြီး လုပ်ပြနိုင်ခဲ့တယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံးခြေစွမ်းကိုလည်း ဒီမှာ ပြသထားပါတယ်။ ကျွန်တော် ဘောလုံး ကစားချင်ပါတယ်။ ကျွန်တော့်အသက် က (၃၁) နှစ်ပါ။ (၃၈) နှစ်မဟုတ်ပါ ဘူး။ အကောင်းဆုံးခြေစွမ်းရှိသေး တယ်လို့ ခံစားရပါတယ်။ ဒီအခြေအနေ က ကျွန်တော့်အတွက် ဝမ်းနည်းစရာ ပါ"ဟု ပြောကြားခဲ့သည်။

ရာကီတစ်သည် ဘာစီလိုနာကစား သမားဘဝ ဆုဖလား (၁၃) ကြိမ်ပိုင် ဆိုင်ထားသည်။ ၎င်းသည် ၂၀၁၁ ခုနှစ်က ဆီဗီလာမှ ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ ရာကီတစ် သည် ခြေဖနောင့်ကြောဒဏ်ရာကြောင့် ခရိုအေးရှားအသင်း၏ ယူရိုခြေစစ်ပွဲ လူစာရင်း၌ မပါဝင်ခဲ့ပေ။



ဖတ်ရှုမှုအများဆုံး