ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးမဖြစ်သေးဟု မန်စီးတီးတိုက်စစ်မှူးဂျီးဆက်သတိပေး

ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးမဖြစ်သေးဟု မန်စီးတီးတိုက်စစ်မှူးဂျီးဆက်သတိပေး

မန်စီးတီးတိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆက်က ပြိုင်ဘက် လီဗာပူးအသင်းမှာ ယခုနှစ် ပရီးမီးယား လိဂ် ချန်ပီယံမဖြစ်သေးဟု သတိပေး ပြောကြား လိုက်သည်။

လီဗာပူးသည် ယခုနှစ် ပရီးမီး ယားလိဂ် ပွဲစဉ်(၁၂)အပြီး ရှုံးပွဲ မရှိသေးဘဲ  ချယ်လ်ဆီးနှင့် လက်စတာအား ရှစ်မှတ်ဖြတ်ကာ အမှတ်ပေးဇယား ထိပ်ဆုံးမှ ဦးဆောင်နေသည်။ လီဗာပူးသည် ယမန်နှစ် ဘောလုံးရာသီက ပရီးမီး ယားလိဂ် ချန်ပီယံဆုဖလား ဆွတ်ခူးရရှိရန် နောက်ဆုံး ပွဲအထိ တိုက်ပွဲဝင်ခဲ့သည်။ မန်စီးတီးသည် ပွဲစဉ်(၁၂)တွင် လီဗာပူးအား သုံးဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး နောက် လီဗာပူး နှင့် ကိုးမှတ်ကွာ ဟနေသည်။

(၂၂) နှစ် အရွယ် ဂျီးဆက်သည် ဗုဒ္ဓဟူးနေ့က အဘူဒါဘီရှိ အယ်လ်နက်ရန်ကွင်းတွင် လေ့ကျင့်ခန်းမပြုလုပ်မီ ပရီးမီး ယားလိဂ် ချန်ပီယံဆုနှင့် ပတ် သက်၍ လက်လျှော့မည်မဟုတ် ကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။

ဂျီးဆက်က "ရာသီကုန်ဆုံးဖို့ ၂၆ ပွဲ ကစားရဦးမှာပါ။ ပွဲကစားဖို့ အများကြီးကျန်နေတာကြောင့် ဘယ်အသင်းက ချန်ပီယံဖြစ်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ လီဗာပူးဟာ အကောင်းဆုံး ကစားနေတယ်။ သူတို့ဟာ မနှစ်ကလည်း ပရီးမီးယားလိဂ်မှာ တစ်ပွဲပဲ ရှုံးခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ချန်ပီယံဆုအတွက် နောက်ထပ်တစ်ကြိမ် တိုက်ပွဲဝင်သွားဦးမှာပါ။ အမြင့်ဆုံး ခြေ စွမ်းရဖို့ ကြိုးစားမယ်။ ကျွန်တော်တို့ ဘာလုပ်နိုင်သလဲဆိုတာကိုလည်း သိပါတယ်။ သေချာတာကတော့ ကျွန်တော်တို့ ချန်ပီယံဆုလို ချင်တယ်"ဟု ပြောသည်။



ဖတ်ရှုမှုအများဆုံး