မန်ယူနှင့် လီဗာပူးအသင်းတို့က ခေါ်ယူရန် ပစ်မှတ်ထားနေသော အင်္ဂလန် တောင်ပံကစားသမား ဆန်ချို သည် ဒေါ့မွန်အသင်းမှ ထွက်ခွာလို ကြောင်း အင်္ဂလန်သတင်းများက ရေး သားခဲ့သည်။
ဆန်ချိုသည် လက်ရှိ အချိန်တွင် ဒေါ့မွန်အသင်း၌ ရုန်းကန် နေရပြီး အထိုင်မကျဖြစ်နေသည်။ (၁၉)နှစ်အရွယ် ဆန်ချိုသည် ဒေါ့မွန် အသင်းမှ ထွက်ခွာရန် အသင့်ဖြစ်နေ ကြောင်း ဒေးလီးမေးလ်က ဖော်ပြခဲ့ သည်။
ဆန်ချိုသည် ဘိုင်ယန်မြူးနစ်အား လေးဂိုးပြတ် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် အကောင်းဆုံး ခြေစွမ်းမပြနိုင်ခဲ့ဘဲ ၃၆ မိနစ်သာ ကစားခဲ့ရသည်။ ဂိုးသွင်း ကောင်းပြီး ဂိုးဖန်တီးမှု အားကောင်း သည့် ဆန်ချိုအား မန်ယူနှင့် လီဗာပူး အသင်းတို့အပြင် ရီးရဲလ်မက်ဒရစ်နှင့် ချယ်လ်ဆီးတို့ကလည်း စိတ်ဝင်စား နေသည်။ ဥရောပ အကောင်းဆုံး ပါရမီရှင်လူငယ်ကစားသမားများထဲ တွင် တစ်ဦးအပါအဝင်ဖြစ်နေသော ဆန်ချို၏ ပြောင်းရွှေ့ကြေးမှာ ပေါင် သန်း ၁၀ဝ ဝန်းကျင်ရှိနေသည်။
မန်စီးတီး၌ ကစားခဲ့ဖူးသော ဆန် ချိုသည် ပရီးမီးယားလိဂ်သို့ ပြန်လာ ရန် အခြေအနေများလည်း ရှိနေသည်။ လက်ရှိတွင် ဆန်ချိုသည် အင်္ဂလန် လက်ရွေးစင်အသင်းနှင့် ပူးပေါင်းနေ သည်။ ဆန်ချိုသည် ဒေါ့မွန်၌ လတ် တလော ရုန်းကန်နေရခြင်းကို အင်္ဂလန် နည်းပြ ဆောက်ဂိတ်နှင့် ၂၅ မိနစ်ကြာ စကားပြော ဆွေးနွေးခဲ့ကြသည်။















