ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ သည် ခြေချင်းဝတ်ဒဏ်ရာသက် သာလာသောကြောင့် ဒီဇင်ဘာ အစောပိုင်းတွင် မန်ယူအတွက် ပြန်ကစားနိုင်ဖွယ်ရှိကြောင်း ဗြိတိန် သတင်းများက ဖော်ပြခဲ့သည်။
ပေါ့ဘာသည် စက်တင်ဘာ ၃၀ ရက်က အာဆင်နယ်နှင့် တစ် ဂိုးစီသရေကျခဲ့သောပွဲပြီးနောက် ဒဏ်ရာကြောင့်အနားယူခဲ့ရသူဖြစ် သည်။ လက်ရှိအချိန်တွင် ပေါ့ဘာ ၏ဒဏ်ရာတိုးတက်မှုနှုန်းမှာ မြန် ဆန်နေကြောင်း သိရသည်။
မန်ယူအသင်းသည် ဒီဇင်ဘာ ၇ ရက်တွင် မန်စီးတီးကွင်းသို့ သွားရောက်ကစားရမည်ဖြစ်ရာ ပေါ့ဘာအနေဖြင့် အရန်ကစား သမားတစ်ဦးအဖြစ် ပါဝင်နိုင်ရန် အခွင့်အလမ်းများနေသည်။
"မန်စီးတီးပွဲမှာ ပေါ့ဘာကို နည်းပြဆိုးလ်ရှားက အရန်ကစား သမားအဖြစ်ရှိစေချင်ပါတယ်"ဟု မန်ယူအတွင်းလူတစ်ဦးက ပြောခဲ့ သည်။ ပေါ့ဘာသည် ယခုနှစ်တွင် ဒဏ်ရာကြောင့်ရုန်းကန်နေရသော ကြောင့် မန်ယူအသင်းအတွက် ခြောက်ပွဲသာကစားထားရသည်။
ပေါ့ဘာသည် ယမန်နှစ်က မန်ယူကစားသမားဘဝ အကောင်း ဆုံးခြေစွမ်းပိုင်ဆိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၄၇ ပွဲကစားခဲ့ရာ ၁၆ ဂိုးသွင်းယူ နိုင်ခဲ့သည်။















