ပြင်သစ်၊ အင်္ဂလန်၊ တူရကီနှင့် ချက်အသင်း ယူရိုခြေစစ်ပွဲအောင်မြင် စုစုပေါင်း အသင်း ၁၀ သင်း ပြိုင်ပွဲဝင်ခွင့်ရရှိထား

ပြင်သစ်၊ အင်္ဂလန်၊ တူရကီနှင့် ချက်အသင်း ယူရိုခြေစစ်ပွဲအောင်မြင် စုစုပေါင်း အသင်း ၁၀ သင်း ပြိုင်ပွဲဝင်ခွင့်ရရှိထား

နိုဝင်ဘာ ၁၄ ရက်က ယူရို ၂၀၂၀  ခြေစစ်ပွဲများကို ဆက်လက်ယှဉ်ပြိုင် ခဲ့ရာ ပြင်သစ်၊ အင်္ဂလန်၊ တူရကီနှင့် ချက်အသင်းတို့မှာ ခြေစစ်ပွဲအောင်မြင် ခဲ့ကြောင်း သိရသည်။ အင်္ဂလန်သည် အိမ်ကွင်းတွင် မွန်တီနီဂရိုးအား လက်ခံ ကစားခဲ့ရပြီး ခုနစ်ဂိုးပြတ် အနိုင်ရရှိ ခဲ့သည်။ မွန်တီနီဂရိုးနှင့်ပွဲမှာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ပွဲ ၁၀ဝ၀ မြောက်ဖြစ်ခဲ့ပြီး ပရိသတ် ၇၀ဝ၀ဝ ကျော် လာရောက်အားပေးခဲ့ကြသည်။

အင်္ဂလန်သည် ပထမပိုင်း၌ပင် ငါးဂိုးပြတ်အနိုင်ရခဲ့ပြီး ဒုတိယပိုင်းတွင် လက်ဆောင်ဂိုးနှင့် အပိတ်ဂိုးသွင်းယူ နိုင်ခဲ့သည်။

အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်း မှာ ဝင်ဘလေကွင်းတွင် နှစ်ပွဲဆက်တိုက် ဟက်ထရစ်ရရှိခဲ့ပြီး ၎င်း၏ လက်ရွေး စင်သွင်းဂိုးမှာ ၃၁ ဂိုး ရှိလာခဲ့သည်။ အင်္ဂလန်သည် ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု(A)တွင် အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး (၁၀)ကြိမ်မြောက် ယူရိုပြိုင်ပွဲဝင်ခွင့်ရ ခဲ့သည်။

ချက်အသင်းမှာ ကိုဆိုဗိုအား ဒုတိယပိုင်းတွင် ဦးဆောင်ဂိုးပေးခဲ့ ရသော်လည်း နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင် ရခဲ့သောကြောင့် အုပ်စု(A)တွင် အုပ်စု ဒုတိယဖြင့် ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။ ချက်အသင်းသည် အင်္ဂလန်ကဲ့သို့ပင် (၁၀)ကြိမ်မြောက် ယူရိုပြိုင်ပွဲ ပါဝင်ခွင့် ရခဲ့သည်။

ပြင်သစ် လက်ရွေးစင်အသင်းမှာ မော်ဒိုဗာ၏ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ ရသော်လည်း ဂီရော့ဒ်၏ ပင်နယ်တီ ကြောင့် နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရကာ ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။ ပြင်သစ် အသင်းမှာလည်း ယူရိုချန်ပီယံဆုကို ၂၀ဝ၀ ပြည့်နှစ်က နောက်ဆုံးရရှိထား သည်။ အုပ်စု(ံ)တွင် ပြင်သစ်နှင့် တူရကီတို့မှာ အုပ်စုဗိုလ်လုရမည် ဖြစ် သည်။ တူရကီအသင်းမှာလည်း အိမ် ကွင်းတွင် အိုက်စလန်နှင့် ဂိုးမရှိသရေ ကစားခဲ့ပြီးနောက် ယူရိုခြေစစ်ပွဲ အောင်မြင်ခဲ့သည်။ တူရကီသည် ယူရို ပြိုင်ပွဲကို (၅)ကြိမ်မြောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။

ယူရို ၂၀၂၀ ပြိုင်ပွဲ ဝင်ပြိုင်ခွင့် ရထားသော အသင်းပေါင်း ၁၀ သင်း ထွက်ပေါ်ခဲ့ပြီး ဘယ်လ်ဂျီယံ၊ အီတလီ၊ ရုရှား၊ ပိုလန်၊ ယူကရိန်း၊ စပိန်၊ တူရကီ၊ ပြင်သစ်၊ အင်္ဂလန်နှင့် ချက်တို့မှာ ပြိုင်ပွဲဝင်ခွင့် ရထားသည်။



ဖတ်ရှုမှုအများဆုံး