နိုင်ငံနှင့်ကလပ်အတွက် စီရိုနယ်ဒို၏ ဟက်ထရစ်(၅၅)ကြိမ်ပြည့်

နိုင်ငံနှင့်ကလပ်အတွက် စီရိုနယ်ဒို၏ ဟက်ထရစ်(၅၅)ကြိမ်ပြည့်

ဂျူဗင်တပ်စ်တိုက်စစ်မှူး  စီရို နယ်ဒိုသည် လစ်သူယေးနီးယားအား ခြောက်ဂိုးပြတ် အနိုင်ရခဲ့သည့် ယူရို ၂၀၂၀ ခြေစစ်ပွဲတွင် ဟက်ထရစ်သွင်း ယူနိုင်ခဲ့ပြီးနောက် ၎င်း၏နိုင်ငံအသင်း နှင့် ကလပ်အတွက် ဟက်ထရစ်အရေ အတွက်မှာ ၅၅ကြိမ်အထိရှိလာကြောင်း သိရသည်။

၃၄ နှစ်အရွယ် စီရိုနယ်ဒို သည် ယူရို ၂၀၂၀ ခြေစစ်ပွဲမကစားမီ နှစ်ပွဲဆက်တိုက် လူစားလဲခံခဲ့ရ၍ စိတ်ပျက်ခဲ့သူဖြစ်သည်။ ဂျူဗင်တပ်စ် နည်းပြဆာရီက စီရိုနယ်ဒိုမှာ ဒဏ်ရာ ရနေဟု ဆင်ခြေပေးခဲ့သော်လည်း ပေါ်တူဂီ တိုက်စစ်မှူးမှာ လစ်သူယေး နီးယားနှင့်ပွဲ၌ ကြံ့ခိုင်မှုအပြည့်ဖြင့် ကစားကာ ဂိုးများသွင်းယူခဲ့သည်။

စီရိုနယ်ဒိုသည် ပွဲချိန် ခုနစ်မိနစ် ၌ပင် ပင်နယ်တီမှတစ်ဆင့် ဦးဆောင် ဂိုးသွင်းယူခဲ့ပြီး ၂၂ မိနစ်တွင် ဒုတိယ ဂိုးသွင်းပေးခဲ့သည်။ စီရိုနယ်ဒိုသည် ပွဲချိန် ၆၅ မိနစ်တွင် ဘာနာဒိုဆေးလ် ဗား၏ ဖန်တီးမှုမှတစ်ဆင့် ဟက်ထရစ် ရယူနိုင်ခဲ့သည်။

စီရိုနယ်ဒိုသည် ပရို ကစားသမားဘဝ၌ ကလပ်အသင်း အတွက် ဟက်ထရစ် ၄၆ ကြိမ် သွင်းယူ နိုင်ခဲ့ပြီး နိုင်ငံအသင်းအတွက် ကိုးကြိမ် သွင်းယူခဲ့သောကြောင့် ဘာစီလိုနာ တိုက်စစ်မှူးမက်ဆီထက် ကစားသမား ဘဝတွင် ဟက်ထရစ်သုံးကြိမ် ပိုသာခဲ့ သည်။

ပေါ်တူဂီနည်းပြဆန်းတို့စ်က တိုက် စစ်မှူး စီရိုနယ်ဒို၏ ကြံ့ခိုင်မှုအပေါ် မည်သည့်အခါမျှ သံသယဝင်ခဲ့ခြင်း မရှိကြောင်း ပွဲအပြီး၌ ပြောခဲ့သည်။ စီရိုနယ်ဒိုသည် ၂၀၁၉ ခုနှစ်အတွင်း လက်ရွေးစင်အသင်းအတွက် ၁၃ ဂိုး သွင်းယူနိုင်ခဲ့၍ မက်ဆီ၏ နောက်ဆုံး သုံးနှစ်တာ လက်ရွေးစင်သွင်းဂိုးထက် နှစ်ဂိုး ပိုသာနေသည်။



ဖတ်ရှုမှုအများဆုံး