အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဂိုးအများဆုံးသွင်းနိုင်သူ ဟယ်ရီကိန်းဖြစ်လာ

အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဂိုးအများဆုံးသွင်းနိုင်သူ ဟယ်ရီကိန်းဖြစ်လာ

စပါးအသင်း တိုက်စစ်မှူး ဟယ်ရီ ကိန်းသည် မွန်တီနီဂရိုးအား အနိုင်ရ ခဲ့သည့် ယူရို ၂၀၂၀ ခြေစစ်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဂိုးသွင်းအများဆုံး ကစားသမားစံချိန် ပိုင်ဆိုင်လာခဲ့ကြောင်း သိရသည်။

(၂၆)နှစ်အရွယ် တိုက်စစ်မှူး ဟယ်ရီကိန်းသည် မွန်တီနီဂရိုးပွဲ၌ ပွဲချိန် ၁၈ မိနစ်တွင် ချီဝဲလ်၏ ဖန်တီးမှု မှတစ်ဆင့် အင်္ဂလန်အတွက် ဒုတိယဂိုး သွင်းယူခဲ့သည်။ ဟယ်ရီကိန်းသည် ပွဲချိန် ၂၄ မိနစ်၌လည်း ချီဝဲလ်၏ ဖန်တီးမှုမှပင် တတိယဂိုး သွင်းယူခဲ့ သည်။ ဟယ်ရီကိန်းသည် ပွဲချိန် ၃၇ မိနစ်တွင် ဟက်ထရစ်ရရှိခဲ့ခြင်းဖြစ်သည်။

ဟယ်ရီကိန်းသည် အင်္ဂလန်အသင်း ခေါင်းဆောင်တစ်ဦးအဖြစ် သွင်းဂိုး ၂၄ ဂိုးရကာ ဂိုးအများဆုံးဖြစ်သည်။

အင်္ဂလန်အတွက် ၃၁ ဂိုးပြည့် ခဲ့သော တိုက်စစ်မှူးဟယ်ရီကိန်းသည် အင်္ဂလန်ဂိုးသွင်းအများဆုံး ကစား သမားရွန်နီ၏ ၅၃ ဂိုးစံချိန်ကို ကျော် ဖြတ်နိုင်မည်ဟုလည်း အင်္ဂလန်အသင်း နည်းပြဆောက်ဂိတ်က ထောက်ခံပြော ကြားခဲ့သည်။



ဖတ်ရှုမှုအများဆုံး