ဘရာဇီးအား ခုနစ်နှစ်ဂိုးမသွင်းနိုင်ခဲ့မှု မက်ဆီအဆုံးသတ်နိုင် ပထမပိုင်းတွင် ဘရာဇီးနည်းပြနှင့် မက်ဆီ အချင်းများ

ဘရာဇီးအား ခုနစ်နှစ်ဂိုးမသွင်းနိုင်ခဲ့မှု မက်ဆီအဆုံးသတ်နိုင် ပထမပိုင်းတွင် ဘရာဇီးနည်းပြနှင့် မက်ဆီ အချင်းများ

တောင်အမေရိက အင်အားကြီး အသင်းနှစ်သင်းဖြစ်သည့် ဘရာဇီးနှင့် အာဂျင်တီးနားတို့သည် နိုဝင်ဘာ ၁၅ ရက်က ဆော်ဒီအာရေဗျ၌ နိုင်ငံတကာ ခြေစမ်းပွဲ ယှဉ်ပြိုင်ခဲ့ရာ အာဂျင်တီးနား အသင်းက အဓိကတိုက်စစ်မှူး မက်ဆီ ၏ တစ်လုံးတည်းသောသွင်းဂိုးကြောင့် အနိုင်ရခဲ့ကြောင်း သိရသည်။

ဘရာဇီး သည် ၄-၃–၃ ကစားကွက်ဖြင့် ပွဲထွက် ခဲ့ပြီး တိုက်စစ်တွင် ဖာမီနို၊ ဝီလျံနှင့် ဂါဘရီရယ်ဂျီးဆက်တို့ ဦးဆောင်ခဲ့သည်။ အာဂျင်တီးနား တိုက်စစ်တွင် မက်ဆီ နှင့် အင်တာမီလန်တိုက်စစ်မှူး မာတီ နက်ဇ်တို့ ပါဝင်လာခဲ့သည်။

ခါးသီးပြိုင်ဘက် အသင်းများပီပီ ပွဲစသည်နှင့် အကြိတ်အနယ် ကစား ခဲ့ကြပြီး ဘရာဇီးမှာ ပွဲချိန် ၁၀ မိနစ်တွင် ပင်နယ်တီ ရခဲ့သော်လည်း ဂျီးဆက် ဂိုးဝင်အောင် မသွင်းနိုင်ခဲ့ပေ။ အာဂျင် တီးနားသည် ၁၃ မိနစ်တွင် တစ်လုံး တည်းသော အနိုင်ဂိုးရခဲ့ပြီး မက်ဆီက ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သည်။

မက်ဆီ၏ ပင်နယ်တီ ကန်ချက်ကို ဂိုး သမား အယ်လစ်ဆန် ပုတ်ထုတ်နိုင်ခဲ့ သော်လည်း ပြန်ထွက်လာသည့် ဘော လုံးကို မက်ဆီကပင် အပိုင်ပိတ်သွင်း ပေးခဲ့သည်။
ကိုပါ အမေရိကပြိုင်ပွဲကို  ဝေဖန်ခဲ့သောကြောင့်  သုံးလပွဲပယ်ခံရပြီး အာဂျင်တီးနားအတွက် ပထမဆုံးအကြိမ် ဝင်ကစားပေးခဲ့သော မက်ဆီသည် ဘရာဇီး လက်ရွေးစင်အသင်းအား ခုနစ်နှစ် ဂိုးမသွင်းနိုင်မှုကို ယခုအကြိမ်တွင် အဆုံးသတ် နိုင်ခဲ့သည်။ မက်ဆီသည် ၂၀၁၂ ခုနှစ် က ဘရာဇီးနှင့် ခြေစမ်းပွဲတွင် ဂိုးသွင်း ခဲ့ပြီးနောက် ဂိုးပေါက်ပျောက်ခဲ့ခြင်း ဖြစ်သည်။ မက်ဆီသည် အာဂျင်တီးနား အသင်းအတွက် ၁၃၇ ပွဲ ကစားခဲ့ရာ ၆၉ ဂိုး သွင်းယူနိုင်ခဲ့သည်။

ခြေစမ်းပွဲ ပထမပိုင်းတွင် ဘရာဇီး နည်းပြ တီတီနှင့် မက်ဆီတို့ အချင်း များခဲ့ကြောင်းလည်း သိရသည်။

ယင်း ဖြစ်ရပ်နှင့်ပတ်သက်၍ နည်းပြ တီတီက "မက်ဆီရဲ့ ကစားပုံကြမ်းတဲ့အတွက် အဝါကတ် ပြခံရသင့်တယ်လို့ ကျွန်တော် စောဒကတက်ခဲ့တာပါ။ သူက ကျွန်တော့် ကို ပါးစပ်ပိတ်ထားလို့ လှမ်းပြောတယ်။ ကျွန်တော်ကလည်း သူ့ကို ပါးစပ်ပိတ် ထားလို့ ပြန်အော်ခဲ့တယ်။ ဒီလောက် ပါပဲ"ဟု ရှင်းပြခဲ့သည်။ မက်ဆီသည် ဘရာဇီးနည်းပြ တီတီအား လက်ဟန် အမူအရာဖြင့် ပါးစပ်ပိတ်ထားရန် ပြောခဲ့ပုံကို ဗီဒီယို ပြကွက်များအရ တွေ့ခဲ့ရသည်။

မက်ဆီသည် အာဂျင်တီးနား ကစားခဲ့သော လေးပွဲဆက် လွဲချော်ခဲ့ ပြီးနောက် ဘရာဇီးပွဲတွင် ပါဝင်ကာ ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်သည်။



ဖတ်ရှုမှုအများဆုံး