ဖီဖာ ယူ-၁၇ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ဘရာဇီးနှင့် မက္ကဆီကိုတို့ ယှဉ်ပြိုင်မည်

ဖီဖာ ယူ-၁၇ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ဘရာဇီးနှင့် မက္ကဆီကိုတို့ ယှဉ်ပြိုင်မည်

ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသော ၂၀၁၉ ဖီဖာ ယူ-၁၇ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲ များကို နိုဝင်ဘာ ၁၄ ရက်နေ့က ကစားခဲ့ပြီးနောက် ဗိုလ်လုပွဲနှင့် တတိယ လုပွဲကို နိုဝင်ဘာ ၁၇ ရက်တွင် ယှဉ် ပြိုင်မည်ဖြစ်ရာ ဗိုလ်လုပွဲ၌ အိမ်ရှင် ဘရာဇီးနှင့် မက္ကဆီကိုတို့ တွေ့ဆုံနေကြောင်း သိရသည်။

ဘရာဇီး ယူ–၁၇ အသင်းသည် ဆီမီးဖိုင်နယ်တွင် ပြင်သစ်အသင်းအား ပထမပိုင်း၌ နှစ် ဂိုးပြတ် ရှုံးနိမ်ခဲ့သော်လည်း ဒုတိယ ပိုင်းဂိုးများကြောင့် သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။

အခြား ဆီမီးဖိုင်နယ်ပွဲတွင် မက္က ဆီကိုနှင့် နယ်သာလန်တို့မှာ ပွဲချိန် အတွင်း တစ်ဂိုးစီ သရေကျခဲ့ပြီး ပင် နယ်တီအထိ ပွဲဆက်ရှည်ခဲ့သည်။

မက္ကဆီကိုသည် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ၌ ကံကောင်းခဲ့ပြီး နယ်သာ လန်အား လေးဂိုး သုံးဂိုးဖြင့် အနိုင် ရရှိခဲ့သည်။ နယ်သာလန်သည် တတိယ လုပွဲအဖြစ် ပြင်သစ်နှင့် ကစားရမည် ဖြစ်သည်။

ဗိုလ်လုပွဲ တက်ရောက်လာခဲ့သော ဘရာဇီးနှင့် မက္ကဆီကိုတို့မှာ ချန်ပီယံ အသင်းဟောင်းများ ဖြစ်ကြသည်။ ဘရာဇီးသည် ၁၉၉၇၊ ၁၉၉၉ နှင့် ၂၀ဝ၃ ခုနှစ်တွင် ချန်ပီယံဆုများ ရရှိ ခဲ့ပြီး ပြိုင်ပွဲ၏ ဒုတိယအအောင်မြင် ဆုံးအသင်း ဖြစ်သည်။ မက္ကဆီကိုအသင်း မှာ စတုတ္ထ အအောင်မြင်ဆုံးအသင်း ဖြစ်ပြီး ၂၀ဝ၅၊ ၂၀၁၁ ခုနှစ်တွင် ဖီဖာ ယူ–၁၇ ကမ္ဘာ့ဖလား ချန်ပီယံဆု ဆွတ် ခူးခဲ့သည်။



ဖတ်ရှုမှုအများဆုံး