ဖင်လန်နှင့် ဆွီဒင် ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်မြင်

ဖင်လန်နှင့် ဆွီဒင် ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်မြင်

နိုဝင်ဘာ ၁၅ ရက်က ယူရို ၂၀၂၀ ခြေစစ် ပွဲများ ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ နိုင်ပွဲကိုယ်စီ ရရှိခဲ့သော ဖင်လန်နှင့် ဆွီဒင်အသင်းတို့သည် ခြေစစ်ပွဲ အောင်မြင်လာခဲ့ကြောင်း သိရသည်။

ဥရောပအသင်းလတ်အဖြစ် ရပ်တည်နေသော ဖင်လန်သည် အိမ်ကွင်းတွင် လက်ချင်စတိန်း အား လက်ခံကစားခဲ့ပြီး သုံးဂိုးပြတ် အနိုင်ရရှိ ခဲ့သည်။ ဖင်လန် အဓိကတိုက်စစ်မှူးပက်ကီ မှာ အသင်းအတွက် ပင်နယ်တီဂိုးအပါအဝင် နှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သည်။

ဖင်လန် အသင်းသည် ယူရို ၂၀၂၀ ခြေစစ်ပွဲများတွင် အမှားမခံဘဲကစားခဲ့ပြီး ရလဒ်ကောင်းခဲ့၍ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဖြစ် ယူရိုပြိုင်ပွဲဝင်ကစားခွင့်ရလာခဲ့သည်။ ဖင်လန်ပြည်သူများမှာ ဟယ်ဆင်ကီတွင် ပျော် ရွှင်စွာ အောင်ပွဲခံခဲ့ကြောင်း သိရသည်။

ဆွီဒင်အသင်းမှာ ရိုမေးနီးယားကွင်းတွင် သွားရောက်ကစားခဲ့ရခြင်းဖြစ်ပြီး ပထမပိုင်း သွင်းဂိုးများဖြင့် နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ဆွီဒင်အသင်းအတွက် ဦးဆောင်ဂိုးကို မား ကက်ဘတ်က ပွဲချိန် ၁၈ မိနစ်တွင် သွင်းယူ ခဲ့သည်။ မားကက်ဘတ်သည် ပွဲချိန် ၃၄ မိနစ် တွင် ကွိုင်ဆန်ဂိုးသွင်းနိုင်ရန်အတွက်လည်း ဖန်တီးမှုပြုလုပ်ခဲ့သည်။

ဆွီဒင်သည် ယူရို ၂၀၂၀ ခြေစစ်ပွဲ ကိုးပွဲ ကစားပြီးချိန်၌ ငါးပွဲနိုင်၊ သုံးပွဲ သရေ၊ တစ်ပွဲရှုံး၊ ၁၈ မှတ်ဖြင့် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ် သည်။ ဆွီဒင်အသင်းသည် ယူရို ၂၀၂၀ ခြေစစ် ပွဲကို ခုနစ်ကြိမ်မြောက် ပြိုင်ပွဲဝင်မည်ဖြစ်သည်။ ယူရိုခြေစစ်ပွဲ အောင်မြင်ထားသည့် အသင်း ပေါင်း ၁၂ သင်းရှိနေပြီး လက်ကျန် ခြေစစ်ပွဲများ အကြိတ်အနယ်ရှိနေသည်။



ဖတ်ရှုမှုအများဆုံး