အီတလီ လက်ရွေးစင်အသင်းသည် နိုဝင် ဘာ ၁၅ ရက်က ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် ဘော့စနီးယားကွင်းတွင် သွားရောက်ကစား ခဲ့ရာ သုံးဂိုးပြတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ယူရို ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီးဖြစ်သော်လည်း အီတလီသည် လက်ကျန်ခြေစစ်ပွဲကို ဖိဖိစီးစီး ကစားခဲ့ပြီး ပထမပိုင်း၌ပင် နှစ်ဂိုးပြတ် အနိုင် ရခဲ့သည်။
အီတလီအတွက် အဖွင့်ဂိုးကို အက် ကာဘီက ပွဲချိန် ၂၁ မိနစ်တွင် သွင်းယူခဲ့ပြီး ဒုတိယဂိုးကို အင်ဆိုင်နီက ၃၇ မိနစ်၌ သွင်းယူခဲ့သည်။
တိုက်စစ်မှူး ဘယ်လော့တီမှာ ဂိုးဖန်တီး မှုတစ်ကြိမ် ပြုလုပ်ပေးခဲ့ပြီး ပွဲချိန် ၅၂ မိနစ် တွင် တတိယဂိုး သွင်းယူပေးခဲ့၍ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ နည်းပြ မန်စီနီသည် နည်းပြ ဟောင်း ပေါ့ဇို၏ စံချိန်ကိုကျော်ဖြတ်ကာ ၁၀ ပွဲဆက်တိုက် အနိုင်ရအောင် စွမ်းဆောင်ပေး ခဲ့သော ပထမဆုံး အီတလီနည်းပြ စံချိန်ပိုင် ဆိုင်လာခဲ့သည်။
နည်းပြဟောင်းပေါ့ဇိုသည် ၁၉၃၈–၃၉ ခုနှစ်က ကိုးပွဲဆက်တိုက် အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။ ထူးခြားသည့် စံချိန်မှတ်တမ်းတစ်ခု ပိုင်ဆိုင်လာခဲ့၍ ပျော်ရွှင် မိကြောင်း အီတလီနည်းပြ မန်စီနီက ပွဲအပြီး၌ ပြောဆိုခဲ့သည်။ အီတလီ ကိုယ်စားပြုကာ ပထမဆုံးဂိုးရခဲ့သည့် လာဇီယိုနောက်ခံလူ အက်ကာဘီက ဂိုးသွင်းနိုင်ခဲ့၍ ဝမ်းသာမိ ကြောင်း ဖွင့်ဟခဲ့သည်။
မန်စီနီလက်ထက် အီတလီအသင်းမှာ ရလဒ်များ ဆက်တိုက်ကောင်းနေပြီး ယူရို ၂၀၂၀ ခြေစစ်ပွဲကိုလည်း စောစီးစွာ အောင် မြင်ခဲ့သည်။















