အင်တာမီလန်နည်းပြကွန်တီဟာ ကျည်ဆန် တစ်တောင့်ပါတဲ့ ပေးပို့စာနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံခဲ့ရကြောင်း အီတလီသတင်းစာ ကော်ရီရီဒယ်လာဆီရာက ဖော်ပြခဲ့ပါတယ်။
ချယ်လ်ဆီး နည်း ပြဟောင်း တစ်ဦး ဖြစ်တဲ့ ကွန်တီ ဟာ အီတလီမြေကို တစ်ကျော့ပြန်လည် ရောက်ရှိနေ ပြီး အင်တာမီလန်ကို ကိုင်တွယ်နေတာဖြစ်ပါတယ်။ လုံခြုံရေး အစီအစဉ်တွေရှိနေတဲ့ကြားက အိတ်ဖွင့် စာဟာ ကွန်တီဆီကို ရောက်လာခဲ့တာပါ။
အင်တာမီလန်နည်းပြကွန်တီဟာ ဘယ်လိုမျိုး အကြောင်းတွေကြောင့် ခြိမ်းခြောက်စာ ပေးပို့ခံရ တယ်ဆိုတာကို အတိအကျ မသိရသေးပါဘူး။
ရဲတပ်ဖွဲ့ဟာ လတ်တလောဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်ကို စုံစမ်းစစ်ဆေးနေပြီ ဖြစ်ပါတယ်။ ခြိမ်းခြောက်စာ လက်ခံရရှိခဲ့ပြီးနောက် ကွန်တီရဲ့နေအိမ်နဲ့ အင်တာ မီလန် လေ့ကျင့်ရေးကွင်းမှာ လုံခြုံရေးတိုးမြှင့်ထား ပါတယ်။
ကွန်တီကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ မိသားစုလုံခြုံရေးအတွက် အစီ အစဉ်တွေ လုပ်ဆောင်ခဲ့ပါတယ်။ ရဲတပ် ဖွဲ့ဟာ တရားခံသိရဖို့ စာအိတ်မှာပါတဲ့ လက်ဗွေရာကို စစ်ဆေးနေပါတယ်။ ဒါ့အပြင် ဒုတိယအကြိမ်ပေးပို့လာ မယ်ဆိုရင် ဘယ်သူ၊ ဘယ်ဝါမှန်း သိရဖို့ လေ့ကျင့်ရေးကွင်းနဲ့ ကွန် တီနေထိုင်တဲ့ အိမ်လမ်းမအ ထက်မှာ စီစီတီဗီနဲ့ စောင့်ကြည့် ဖို့လည်း ရှိနေပါတယ်။















