ပေါ်တူဂီ လက်ရွေးစင်အသင်းသည် နိုဝင် ဘာ ၁၇ ရက်က ယူရို ၂ဝ၂ဝ ခြေစစ်ပွဲအဖြစ် လူဇင်ဘတ်ကွင်းတွင် သွားရောက်ကစားခဲ့ရာ နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီးနောက် ယူရို ၂ဝ၂ဝ ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။ လူဇင် ဘတ်ကွင်း၏ မျက်နှာပြင်ဆိုးရွားမှုကြောင့် ပေါ်တူဂီအသင်းမှာ ကစားရ ခက်ခဲခဲ့သည်။
ပေါ်တူဂီသည် ပွဲချိန် ၃၉ မိနစ်တွင် ဦးဆောင် ဂိုးရရှိခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်က သွင်းယူခဲ့ သည်။ ပေါ်တူဂီသည် ပွဲပြီးခါနီး လေးမိနစ် အလိုတွင် ဒုတိယဂိုးရရှိခဲ့ရာ အဓိက တိုက် စစ်မှူး စီရိုနယ်ဒိုက သွင်းယူပေးခဲ့သည်။
ပေါ်တူဂီအသင်းသည် ယူရိုပြိုင်ပွဲ၏ လက် ရှိချန်ပီယံအသင်းဖြစ်ပြီး ယူရို ၂ဝ၂ဝ ခြေစစ်ပွဲ အုပ်စု(B)တွင် အုပ်စု ဒုတိယဖြင့် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ပေါ်တူဂီသည် ယူရို ၂ဝ၂ဝ ပြိုင်ပွဲကို ရှစ်ကြိမ်မြောက် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။
ဂျူဗင်တပ်စ် တိုက်စစ်မှူး စီရိုနယ်ဒိုသည် လူဇင်ဘတ်အား ဂိုးသွင်းနိုင်ခဲ့၍ ၎င်း၏လက် ရွေးစင်သွင်းဂိုးမှာ ၉၉ ဂိုး ရှိလာခဲ့သည်။ စီရို နယ်ဒိုသည် နိုင်ငံတကာ သွင်းဂိုးအများဆုံး အီရန် တိုက်စစ်မှူးဟောင်း အလီဒါယီ၏ ၁ဝ၉ ဂိုးစံချိန်ကို လိုက်မီရန် ၁ဝ ဂိုးသာ လိုအပ်နေ သည်။ စီရိုနယ်ဒိုက ''စံချိန်တိုင်းက ချိုးဖျက် ခံရတာပါပဲ။ ကျွန်တော့်အနေနဲ့ အလီဒါယီရဲ့ ဂိုး အများဆုံးစံချိန်ကို ချိုးဖျက်မှာပါ''ဟု ပွဲအပြီး ၌ ကြုံးဝါးခဲ့သည်။ စီရိုနယ်ဒိုက ၎င်းအတွက် ငါးကြိမ်မြောက် ယူရိုပြိုင်ပွဲ ကစားခွင့်ရ၍ ပျော်ရွှင်မိကြောင်း လူဇင်ဘတ်ပွဲတွင် ကစားပုံ မကောင်းခဲ့သော်လည်း အလုပ်ပြီးမြောက်အောင် လုပ်နိုင်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။
စီရိုနယ်ဒိုမှာ ပေါ်တူဂီကိုယ် စားပြုကာ ၁၆၄ ပွဲ ကစားခဲ့ရာ ၉၉ ဂိုး သွင်းနိုင်ခဲ့သည်။ စီရိုနယ်ဒိုသည် ယခုနှစ် နေးရှင်းလိဂ် ဗိုလ်စွဲ ခဲ့ရာ၌ ခြေစွမ်းပြခဲ့ပြီး ၂ဝ၁၉ ခုနှစ်အတွင်း လက်ရွေးစင်အတွက် ၁၄ ဂိုးသွင်းခဲ့သည်။















