အင်တာမီလန်တိုက်စစ်မှူး ဆန်းချက်ဇ်၏ ဒဏ်ရာအခြေအနေ တိုးတက်လာဟုသိရ

အင်တာမီလန်တိုက်စစ်မှူး ဆန်းချက်ဇ်၏ ဒဏ်ရာအခြေအနေ တိုးတက်လာဟုသိရ

ခြေချင်းဝတ်ဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် အနားယူ နေရသော အင်တာမီလန်တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်၏ ဒဏ်ရာအခြေအနေ တိုးတက်ကောင်းမွန်နေပြီး အသင်းအတွက် စောစီးစွာ ပြန်ကစားပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းမှ အင်တာမီလန်သို့ အငှားဖြင့် လာရောက် ကစားနေသော တောင်ပံတိုက်စစ်မှူး ဆန်းချက်ဇ်သည် အောက် တိုဘာလက ကိုလံဘီယာနှင့်ပွဲတွင် ခြေချင်းဝတ်ဒဏ်ရာ ရခဲ့ သူဖြစ်သည်။

ဆန်းချက်ဇ်သည် အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲ စုံ လေးပွဲကစားထားရာ တစ်ဂိုး သွင်းယူထားသည်။ အသက် (၃၀)အရွယ် ဆန်းချက်ဇ်၏ဒဏ်ရာ ပြန်ကောင်းလာကြောင်း၊ လာမည့် ၂၀၂၀ ဇန်နဝါရီ ဒုတိယပတ်တွင် ပြန်ကစားနိုင် မည်ဟု မျှော်လင့်ရကြောင်း၊ ဆန်းချက်ဇ်မှာ လက်ရှိတွင် ဘောလုံးအသင်းနှင့်အတူ လေ့ကျင့်ခန်းမဆင်းနိုင်သေး ကြောင်း၊ လာမည့်အပတ်တွင် သတင်းကောင်းကြားရရန် မျှော် လင့်ထားကြောင်း အင်တာမီလန် ဆေးအဖွဲ့အကြီးအကဲက အသိပေး ပြောကြားခဲ့သည်။

ဆန်းချက်ဇ်သည် အင်တာမီလန်သို့ မပြောင်းရွှေ့မီ မန်ယူအသင်းအတွက် ၄၅ ပွဲ ကစားခဲ့ရာ ငါးဂိုးသွင်းယူခဲ့သည်။ အင်တာမီလန်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၅ ရက် ၌ နာပိုလီကွင်းသို့ သွားရောက်ကစားရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး