အိမ်ကွင်းဂိုးပြတ်နိုင်ပွဲကြောင့် အီတလီအသင်း စံချိန်နှစ်ခုပိုင်ဆိုင်

အိမ်ကွင်းဂိုးပြတ်နိုင်ပွဲကြောင့် အီတလီအသင်း စံချိန်နှစ်ခုပိုင်ဆိုင်

အီတလီလက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၁၈ ရက်က အိမ်ကွင်းတွင် ယူရို ၂ဝ၂ဝ ခြေစစ်ပွဲအဖြစ် ဥရောပ အသင်းငယ် အာမေးနီးယားနှင့် ယှဉ် ပြိုင်ခဲ့ရာ ကိုးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ် အနိုင်ယူပြီး ဂိုးမိုးရွာနိုင်ခဲ့သည်။

အီတလီသည် ယူရို ၂ဝ၂ဝ ခြေစစ်ပွဲ အောင်မြင်ပြီးဖြစ်သော်လည်း အုပ်စု နောက်ဆုံးပွဲတွင် နိုင်ပွဲဆက်ရန် အကောင်းဆုံးပုံစံဖြင့် ကစားခဲ့သည်။ အီတလီသည် ပထမပိုင်းတွင် အာမေး နီးယားကို လေးဂိုးပြတ်အနိုင်ရခဲ့ပြီး ဒုတိယပိုင်းတွင် တစ်ဂိုးပြန်ပေးခဲ့ရ သော်လည်း ငါးဂိုးသွင်းယူနိုင်ခဲ့၍ဂိုးပြတ်အနိုင်ရခဲ့သည်။

အီတလီအသင်းအတွက် တိုက်စစ် မှူး အင်မိုဘိုင်းနှင့် ဇန်နီယိုအိုလိုတို့က နှစ်ဂိုးစီ သွင်းပေးခဲ့ကြပြီး ကျန်ဂိုးများကို ဘာရယ်လာ၊ ရိုမက်နိုလီ၊ ဂျော်ဂျင်ဟို၊ အော်ဆိုလီနီနှင့် ချီဆာတို့က သွင်းယူ ပေးခဲ့သည်။ အီတလီလက်ရွေးစင် အသင်းရရှိခဲ့သော စံချိန်တစ်ခုမှာ ပွဲတစ်ပွဲအတွင်း မတူညီသည့် ကစား သမား ခုနစ်ဦးက အသင်းအတွက် ဂိုးများ သွင်းခဲ့ခြင်းဖြစ်သည်။

အီတလီအသင်းသည် ယူရို ၂ဝ၂ဝ ခြေစစ်ပွဲ ၁ဝ ပွဲ ကစားခဲ့ရာ ပွဲတိုင်း အနိုင်ရခဲ့ပြီး အကောင်းဆုံးပုံစံ ပြသ နိုင်ခဲ့သည်။ ခြေစစ်ပွဲတိုင်း အနိုင်ရ ခဲ့ခြင်းမှာ အီတလီအသင်းအတွက် ကမ္ဘာ့ဖလား (သို့မဟုတ်) ယူရိုခြေစစ်ပွဲ တွင် ပထမဆုံးအကြိမ် ပွဲတိုင်းအနိုင် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ ဂိုးသွင်း ပေးခဲ့သော ကွင်းလယ်လူ ဇန်နီယိုအို လိုသည် အသက်(၂ဝ)နှစ် (၁၃၉)ရက် ဖြင့် လက်ရွေးစင်အသင်းအတွက် အသက်အငယ်ဆုံး ဂိုးသွင်းနိုင်သော ရိုးမား ကစားသမားအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။

အီတလီသည် ၁၉၅၈ ခုနှစ် နောက် ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ခဲ့ရ သည်။ နည်းပြ မန်စီနီလက်ထက် အီတလီမှာ နိုင်ပွဲဆက်ကာ ယူရို၂ဝ၂ဝ ခြေစစ်ပွဲ အုပ်စု(၂)တွင် ၁ဝ ပွဲနိုင်၊ သွင်းဂိုး ၃၇ ဂိုး၊ လေးဂိုးသာ ပေးခဲ့ရ သည်။ မန်စီနီသည် အီတလီကို ပွဲ ၂ဝ နည်းပြခဲ့ရာ ၁၄ ပွဲ အနိုင်ရခဲ့သည်။



ဖတ်ရှုမှုအများဆုံး