ယူရို ၂ဝ၂ဝ ခြေစစ်ပွဲများကို နိုဝင် ဘာ ၁၈ ရက်က ဆက်လက်ကစားခဲ့ရာ အိုင်ယာလန်ကွင်းတွင် တစ်ဂိုးစီ သရေ ကစားခဲ့သော ဒိန်းမတ်အသင်းနှင့် ဂျီဘရော့တာအား ခြောက်ဂိုး တစ်ဂိုး ဖြင့် အနိုင်ရခဲ့သည့် ဆွစ်ဇာလန်အသင်းတို့ ခြေစစ်ပွဲ အောင်မြင်ခဲ့ကြောင်း သိရသည်။
ဒိန်းမတ်နှင့် ဆွစ်ဇာလန် တို့သည် ယူရို ၂ဝ၂ဝ အုပ်စု D မှ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်ပြီး ဆွစ် ဇာလန်မှာ အုပ်စုဗိုလ်ဖြစ်ခဲ့သည်။ ဆွစ်ဇာလန်သည် ဂျီဘရော့တာကွင်း တွင် တိုက်စစ်အစွမ်းပြခဲ့ပြီး ဂိုးပြတ် အနိုင်ရခဲ့ရာ ခြေစစ်ပွဲ ရှစ်ပွဲကစားပြီး ချိန်တွင် ၁၇ မှတ်ဖြင့် ဒိန်းမတ်အား တစ်မှတ်ဖြတ်ခဲ့သည်။ ဆွစ်ဇာလန် သည် ယူရိုပြိုင်ပွဲကို ငါးကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
အိုင်ယာလန်နှင့် ဒိန်းမတ်တို့၏ ပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ဒိန်းမတ်က ၇၃ မိနစ်တွင် ဂိုးစရခဲ့သော်လည်း အိုင်ယာလန်က ၈၅ မိနစ်၌ ချေပဂိုး ပြန်ရခဲ့သည်။ အိုင်ယာလန်သည် သရေသာ ကစားနိုင်ခဲ့သောကြောင့် အုပ်စု D တွင် ၁၃ မှတ်ရကာ ဒိန်း မတ်နှင့် သုံးမှတ်ကွာဟခဲ့သည်။ ဒိန်း မတ်သည် ယူရိုပြိုင်ပွဲကို ကိုးကြိမ် မြောက် ပါဝင်ကစားမည်ဖြစ်သည်။
ယူရို ၂ဝ၂ဝ ခြေစစ်ပွဲ အောင်မြင် ခဲ့သည့် အသင်းပေါင်း ၁၉ သင်းရှိလာ ပြီး ယင်းတို့မှာ ဘယ်လ်ဂျီယံ၊ အီတလီ၊ ရုရှား၊ ပိုလန်၊ ယူကရိန်း၊ စပိန်၊ ပြင်သစ်၊ တူရကီ၊ အင်္ဂလန်၊ ချက်၊ ဖင်လန်၊ ဆွီဒင်၊ ခရိုအေးရှား၊ သြစတြီးယား၊ နယ်သာလန်၊ ဂျာမနီ၊ ပေါ်တူဂီ၊ ဆွစ်ဇာ လန်နှင့် ဒိန်းမတ်တို့ဖြစ်ကြသည်။















