ဒေါ့မွန် − ပက်ဒါဘွန်း
စနေ၊ နံနက် ၂းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ပက်ဒါဘွန်း ၁−၆ ဒေါ့မွန်
ဒေါ့မွန်က အခုချိန်မှာ အမှတ်ပေးဇယားထိပ်ပိုင်းကို ပြန်ရောက်ဖို့ အမှတ်လိုနေတဲ့အသင်းပါ။ ပက်ဒါဘွန်းကတော့ အမှတ်ပေးဇယားအောက်ဆုံးမှာဖြစ်ပြီး သူနဲ့ ကစားတဲ့အသင်းတိုင်းကို အမှတ်ဖြည့်ပေးနေတဲ့အသင်းဖြစ်ပါတယ်။ ဒါကြောင့်အခုပွဲစဉ်မှာ ဒေါ့မွန်တို့အတွက် အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။ အိမ်ရှင်အသင်း ဂိုးဘယ်လောက်သွင်းမလဲပဲ စောင့်ကြည့်ရမယ့်ပွဲပါ။
လေဗာကူဆင် − ဖရိုင်းဘတ်
စနေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ လေဗာကူဆင် ၂−ဝ ဖရိုင်းဘတ်
ဒီပွဲပြီးရင် လေဗာကူဆင်တို့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ် ကစားဖို့ရှိနေပါတယ်။ ပြိုင်ပွဲနှစ်ခုကြား ဗျာများနေတဲ့အတွက် လေဗာကူဆင်ရဲ့ ခြေစွမ်းက အနည်းငယ် ယိမ်းယိုင်နေပါတယ်။ ဖရိုင်းဘတ်ကတော့ ပြည်တွင်း ပွဲစဉ်တွေသာရှိတာကြောင့်ဘွန်ဒက်စ်လီဂါဘက်ကို အားပိုစိုက်နိုင်ပါတယ်။ လက်ရှိအချိန်မှာလည်း အဆင့် (၄)နေရာမှာ ရပ်တည်နေပါတယ်။ လေဗာကူဆင်ကွင်းဖြစ်ပေမဲ့ ဖရိုင်းဘတ်ကို ပိုကြိုက်တယ်။
ဖရန့်ဖတ် − ဝုဖ်ဘတ်
စနေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဖရန့်ဖတ် ၃−၃ ဝုဖ်ဘတ်
နှစ်သင်းစလုံးက ယူရိုပါလိဂ်ပြိုင်ပွဲဝင်အသင်းတွေပါ။ လက်ရှိအမှတ်ပေးဇယားမှာလည်း အထက်အောက်ရပ်တည်နေပါတယ်။ အခုပွဲပြီးရင်လည်း ယူရိုပါလိဂ်ပွဲစဉ်တွေ ကစားရဦးမှာပါ။ ဒီနှစ်သင်းမှာ ဖရန့်ဖတ်ကတော့ ခြေစွမ်းပိုင်း ပိုတည်ငြိမ်ပါတယ်။ အိမ်ကွင်းလည်းဖြစ်နေတော့ ဖရန့်ဖတ်ကိုပဲ ရွေးချယ်ရမှာပါ။
ဝါဒါဘရီမင် − ရှော်လ်ကေး
စနေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ရှော်လ်ကေး ဝ−၂ ဝါဒါဘရီမင်
ဝါဒါဘရီမင်တို့ အခုချိန်ထိ နိုင်ပွဲပြန်ရှာမတွေ့ သေးပါဘူး။ အမြင့်ဆုံး သရေရလဒ်လောက်နဲ့သာ ကျေနပ်နေရပါတယ်။ ရှော်လ်ကေးကတော့ အလယ်အလတ်အသင်းတွေထဲမှာ ခြေစွမ်းတည်ငြိမ်တဲ့အသင်းလို့ ပြောလို့ရပါတယ်။ အဝေးကွင်းခြေစွမ်းလည်း ကောင်းတယ်။ ဒါကြောင့်အခုပွဲမှာလည်း ရှော်လ်ကေး အမှတ်ရအောင်ယူသွားမယ်ထင်တယ်။
ဒူဆယ်ဒေါ့ဖ် − ဘိုင်ယန်
စနေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဒူဆယ်ဒေါ့ဖ် ၁−၄ ဘိုင်ယန်
နှစ်သင်းစလုံး ခြေစွမ်းက အတက်ဖက်မှာရှိနေပါတယ်။ ဒူဆယ်ဒေါ့ဖ်ကလည်း ဇယားအောက်ခြေနဲ့ဝေးအောင် ကြိုးစားနေသလိုဘိုင်ယန်ကလည်း အမှတ်ပေးဇယား ထိပ်ပိုင်းကို ပြန်ရောက်ဖို့ ကြိုးစားနေတဲ့အသင်းပါ။ ဘိုင်ယန်က ဒီပွဲပြီးရင် ချန်ပီယံလိဂ် ကစားဖို့ရှိတာကိုတော့ သတိထားရမှာပါ။ အသင်းအနေအထားခြင်း ကွာတယ် ဆိုပေမဲ့ ဒူဆယ်ဒေါ့ဖ်ရဲ့ ကစားအားကြောင့် ဘိုင်ယန်နိုင်ခဲ့ရင်တောင် ဂိုးမပြတ်လောက်ပါဘူး။
ယူနီယံဘာလင် − မွန်ချင်ဂလက်ဘတ်
စနေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ မရှိ
ဒီနှစ်သင်းက သမိုင်းတစ်လျှောက်တွေ့ဆုံခဲ့ဖူးခြင်းမရှိပါဘူး။ အခုပွဲက ပထမဆုံးပါပဲ။ တန်းတက်အသင်းလေး ယူနီယံဘာလင်က ကြိုးစားမှုရှိတဲ့အသင်းပါ။ ဒါကြောင့်လည်း နောက်ပိုင်းပွဲစဉ်တွေ နိုင်ပွဲဆက်ပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၁၁) နေရာကို ရောက်လာတာပါ။ မွန်ချင်ကလည်း ခြေစွမ်းအတည်ငြိမ်ဆုံးမှာရှိနေပြီးအမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။ အသင်းအင်အားခြင်းကွာပေမဲ့ ယူနီယံဘာလင်ရဲ့ ကြိုးစားကစားမှုကို အသိအမှတ်ပြုသင့်ပါတယ်။ ယူနီယံဘာလင်ကို အားပေးချင်ပါတယ်။
လိုက်ပဇစ် − ကိုလုံး
တနင်္ဂနွေ၊ နံနက် ဝဝးဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ လိုက်ပဇစ် ၁−၂ ကိုလုံး
အခုပွဲစဉ်ကလည်း ဇယားအပေါ်ဘက်က အသင်းနဲ့ အောက်ဘက်က အသင်းနှစ်သင်းတွေ့ဆုံမှုပါ။ အသင်းအင်အားခြင်း အများကြီးကွာပါတယ်။ လိုက်ပဇစ် ချန်ပီယံလိဂ်ကစားဖို့ ရှိနေတာကိုတော့ သတိထားရမှာပါ။ ဒါပေမဲ့ အိမ်ကွင်းဖြစ်နေတာကြောင့်အနိုင်ရလဒ်က လိုက်ပဇစ်ဖက်မှာပဲ ရှိနေမှာပါ။
အော့စ်ဘတ် − ဟာသာဘာလင်
တနင်္ဂနွေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ အော့စ်ဘတ် ၃−၄ ဟာသာဘာလင်
နှစ်သင်းစလုံးက ခြေစွမ်းမကွာတဲ့အသင်းတွေပါ။ ကိုယ့်ထက်အများကြီးအားနည်းတဲ့အသင်းတွေကိုသာ အနိုင်ယူတတ်တဲ့အသင်းတွေပါ။ ဒီလို ခြေရည်တူနှစ်သင်းတွေ့ဆုံတဲ့ ပွဲမျိုးမှာ အိမ်ရှင်အဖြစ်ကစားရတဲ့အသင်းက အခွင့်အရေးပိုရပါတယ်။ အော့စ်ဘတ်ကိုပဲ ရွေးချယ်ရမှာပါ။
ဟော့ဖန်ဟိမ်း − မိန့်ဇ်
တနင်္ဂနွေ၊ ည ၁၁း၃ဝ
နောက်ဆုံးတွေ့ဆုံမှု၊ မိန့်ဇ် ၄−၂ ဟော့ဖန်ဟိမ်း
နိုင်ပွဲတွေဆက်တိုက်ရနေတဲ့ ဟော့ဖန်ဟိမ်းတို့ အမှတ်ပေးဇယား အဆင့် (၅)နေရာမှ ရပ်တည်နေပါတယ်။ မိန့်ဇ်က ဘွန်ဒက်စ်လီဂါမှာ အခြေအနေကောင်းတဲ့အသင်းမဟုတ်ပါဘူး။ ဒါကြောင့် ဟော့ဖန်ဟိမ်းကွင်းမှာ မိန့်ဇ်အတွက် မျှော်လင့်ချက် မရှိနိုင်ပါဘူး။ ဟော့ဖန်ဟိမ်းပါပဲ။















